
JTBCရဲ့ နာမည်ကြီး Welcome to Waikiki Season 2ကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ၊ Castတွေကတော့ ဒီနှစ်ပိုင်းတွေမှာ Top tierတွေဖြစ်လာတဲ့ Lee Yi Kyung, Kim Seon Ho, Shin Hyun Sooနဲ့ Moon Ga Youngတို့ ခေါင်းဆောင်ပါဝင်ထားပါတယ်၊ Season 1မှာ လူငယ်၃ယောက်ရဲ့အိပ်မက်အတွက် ရုန်းကန်လှုပ်ရှားရပုံတွေကို သဘာဝကျကျ ဟာသများဖြင့် ပုံဖော်ပြီးတဲ့နောက် Season 2 မှာတော့ ကိုယ်စီအိပ်မက်တွေအပြင် ချစ်ခြင်းမေတ္တာရဲ့ ကျီစားမှုကိုပါခံရမယ့် လူငယ်၃ယောက်အကြောင်းကို ရိုက်ကူးပြသထားပါတယ် Showရဲ့ PD ဖြစ်သူရော ဇာတ်ညွှန်းဆရာဖြစ်သူရောက Season 2က ပိုပြီးရယ်ရသလို တကယ့်လက်တွေ့ဘဝနဲ့လည်း တိုက်ဆိုင်မှုတွေ ပိုများတယ်လို့ ညွှန်းဆိုထားပါတယ်၊ Waikiki ဧည့်ရိပ်သာရဲ့စီအီးအို ဟောလိဝုဒ်အိပ်မက်ကို ပါးစပ်ဖျားကမချတဲ့ Lee Jun Ki (Lee Yi Kyung) ဟာ အောင်မြင်မှုဆိုတာ ဂျိုနဲ့လားလို့ မေးရမယ့် အဆိုတော်ပေါက်စ Cha Woo Shik ( Kim Seon Ho)၊ အမေရိကထိ သွားကစားမယ်လို့ လေကျယ်ထားပြီး အောက်တန်းအသင်းမှာတောင် ကစားခွင့်နပ်မမှန်တဲ့ ဘေ့စ်ဘောသမားလေး Kook Ki Bong(Shin Hyun Soo)တို့နဲ့ အတူနေထိုင်ရင်း အိမ်ငှားခမပေးနိုင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြန်ပါပြီ ဒီလိုဂယက်ထဲကိုမှ ၃ယောက်လုံးရဲ့ အထက်ကျောင်းတုန်းက ငယ်ချစ်ဦး၊ လူပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး Han Soo Yeon (Moon Ga Young ) ဟာ ကိစ္စတစ်စုံတရာကြောင့် Waikiki အိမ်လေးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ.... ဒီDramaဟာ အခက်အခဲ၊ ဒုက္ခတွေကို ပျော်စရာအဖြစ် ဘယ်လိုဖန်တီးမလဲ၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို သဘာဝကျကျ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်၊ Season 1မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို Season 2 မှာလည်း မလျော့တဲ့ ဟာသဖြစ်ရပ်တွေနဲ့အတူ ဝါးလုံးကွဲရယ်မောရဦးမှာပါ အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Milkeux, Shwe Pyae, Thet Hnin Hsu, Eain Lay တို့ပဲ ဖြစ်ကြပါတယ်။ Episodes: 16 Genre: Comedy, Drama Duration: 1 hr. 5 min. Quality: 1080p Size: 1GB Subtitle: Myanmar (Hardsub) Translators: JimX, Milkeux, Shwe Pyae, Thet Hnin Hsu, Eain Lay, Milkeux Encoder: August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။