
“Strange Lawyer Woo Young Woo” ကနေ “Extraordinary Attorney Woo”လို့နာမည်ပြောင်းခဲ့ရပြီး ထုတ်လွှင့်မယ့်ရုပ်သံလိုင်းတွေ အမျိုးမျိုးပြောင်းခဲ့ရာကနေ နောက်ဆုံးတော့ အားလုံးရှေ့မှောက်ကိုရောက်လာပြီဖြစ်တဲ့ ချစ်စရာကောင်မလေး Woo Young Woo လုံးလုံးလေးပါ။ Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင် ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။ ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင် ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။ ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။ မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ့် သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။ ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။ လူတွေကြားထဲမှာနေရတာ သူ့အတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့ Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီး တစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ .. အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ Woo Young Woo လေးကိုချစ်ပေးကြပါဦး။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Laii, Milkeux, Joyz တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1GB | 300MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX, Liai, Milkeux, Joyz Encoder ..... August