
IMDb-7.7/10 မင်းသမီးချောလေး သမန်းနားနဲ့ Taj Divided by Blood စီးရီးထဲက မင်းသားဆလင်းမ်နေရာက သရုပ်ဆောင်ထားတဲ့ Aashim Gulati တို့အပြင် နာမည်ကြီး အနုပညာရှင်တွေအများကြီးပါဝင်ထားတဲ့ လူငယ်ရိုမန့်ဒရာမာစီးရီးလေးဖြစ်ပါတယ် မတူညီတဲ့ဗီဇတစ်ယောက်တစ်မျိုးစီနဲ့ သူငယ်ချင်း ၇ ယောက်ရှိကြတယ် ဘာမဆိုလက်တည့်စမ်းချင်ကြတဲ့ ဆယ်ကျော်သက်လေးတွေပေါ့ တစ်နေ့ပွဲဈေးတန်ူမှာ မျက်နှာကိုဖတ်ပြီးဟောပေးတဲ့ မှော်ဆရာတစ်ယောက်အကြောင်း ငြင်းကြခုံကြရင်း ဝင်မေးဖြစ်ကြသွားတယ် အားလုံးကိုတစ်ခုစီပဲဟောလိုက်တယ် "အဖေကိုသတိထား အစ်ကိုကို သတိထား အချစ်ကို သတိထား ရာထူးနေရာကို သတိထား ချိုတဲ့အရာတွေကို သတိထား ၂၂ (၂၀၂၂) ကိုသတိထား သန်မာအောင်နေ " တဲ့ အိုင်တီခေတ်ကလေးတွေဆိုတော့ မယုံကြပါဘူး "ဒီလိုနဲ့ အသက်နှစ်ဆယ်ကျော်ဘဝကို ရင်ဆိုင်ကြတဲ့ ၂၀၂၂ ဆိုတဲ့အချိန်ကိုရောက်လာပါတယ် အရင်လိုပဲ သူငယ်ချင်းသံယောဇဉ်တွေနဲ့ အရင်လိုပျော်ရွှင်နေကြတုန်းပါပဲ ဟောကိန်းကိုလည်း သတိရမနေကြပါဘူး ဒီလူငယ်တွေရဲ့ဗီဇနဲ့ ဒီဗီဇကိုဆန့်ကျင်နေတဲ့ဟောကိန်းတွေက တကယ်ဖြစ်လာတဲ့အချိန် ဘယ်လိုရင်ဆိုင်ကြမလဲ ။ အသက်နှစ်ဆယ်ကျော်လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံ အတွေးအခေါ်တွေကို လူငယ်ဆန်ဆန်ဟာသလေးတွေနဲ့ မင်းသမီးချောလေးတွေရဲ့ အလှတွေကို ခံစားရင်းကြည့်ရှူရမှာဖြစ်ပါတယ် (၁၈+ အခန်းများပါဝင်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Aditi ~ Yunni ~ Zwe ~V တို့ပဲဖြစ်ပါတယ်) Quality : 1080p AMZ WEB DL / 720p Total Episodes : 8Eps Format : mp4 Genres : Comedy , Drama , Romance Duration : 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by BpL ~ Moon ~ Aditi ~ Yunni ~ Zwe ~V Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။