
UP 65 (2023) IMDb-8.5/10 ဘဝကိုပေါ့ပေါ့ပါးပါးနဲ့ပျော်သလိုနေတတ်တဲ့ ပန်ဒေးနဲ့ ဘဝကို စိန်ခေါ်မှုတွေနဲ့ အလေးနက်တန်ဖိုးထားဖြတ်သန်းတတ်တဲ့ နီရှိန့်တ်တို့ ဆန့်ကျင်ဘက်သူငယ်ချင်းနှစ်ယောက် ... နီရှန့်တ်သဘောကျမိတဲ့ မြို့ပြအင်ဂျင်နီယာမေဂျာကကောင်မလေး ရှုဘရာ အသွင်စုံအရောင်စုံနဲ့ အင်ဂျင်နီယာကျောင်းတော်ကြီးက ကျောင်းသားတစ်ဖွဲ့ရဲ့ ကျောင်းသားဘဝ... "သူငယ်ချင်း...." ခင်ဗျားတို့စိတ်ထဲမှာ အဲဒီလိုလေးတွေးကြည့်လိုက်တာနဲ့ တစ်ကောင်ပြီးတစ်ကောင် အလျှိုလျှိုပေါ်လာခဲ့ရင် ခင်ဗျားဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀က ဘယ်လောက်ကြည်နူးစရာကောင်းလဲမှန်းကြည့်လို့ရပြီ။ ဘော်ဒါအပေါင်းအသင်းနဲ့ပျော်စရာငယ်ဘ၀ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားကြုံတွေ့ဖူးတဲ့သူ၊ မကြုံဖူးပေမဲ့ စာတွေရုပ်ရှင်တွေကနေတစ်ဆင့် ရင်ထဲမှာတစိမ့်စိမ့် ကြည်နူးမိတဲ့သူတွေချည်းပါပဲ။ ဆိုတော့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်ခဲ့ရတဲ့အတိတ်တွေကို အောက်မေ့ချင်တဲ့သူ ဆယ်ကျော်သက်ဘဝကိုကျော်လွန်အရွယ်ရောက်လာကြမဲ့ ညီငယ်ညီမငယ်တွေအတွက်လည်း အနာဂတ်ကိုကြိုတွေးပုံဖော်ကြရင်း "လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံးကျောင်းတက်ချိန် ကျောင်းသားဘ၀"ဆိုတဲ့ သီချင်းလေးအတိုင်း တက္ကသိုလ်ကျောင်းတော်ကြီးကဘ၀တွေကို တစိမ့်စိမ့်ပြန်တွေးရင်း ခံစားကြည့်လိုက်ရအောင်။ (ညွှန်းဆိုဘာသာပြန်ကြသူတွေကတော့ V ~ BpL ~ Zwe ~ Aditi ~ThaikSan ~ Cherry ~ Yunniတို့ပါ) File Size – 400MB / 200MB Quality – 1080p WEB DL AAC5.1CH / 720p Duration – 24mins Total Episodes: 13Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy , Drama Translator – V ~ BpL ~ Zwe ~ Aditi ~ThaikSan ~ Cherry ~ Yunni Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။