
To the beautiful you (2012) ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နော ဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရော ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲ ဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော် နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, Hsu, Thae Thae တို့ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Sports Quality…. 1080p | 720p File size… 1.5GB | 500MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, Hsu, Thae Thae Encoder ..... Aaron