
ကဲ ..... အမ်မလီ နဲ့ ပြင်သစ်ကို အလည်သွားရအောင်ဗျာ။ အမ်မလီဆိုတာကတော့ ပြင်သစ်စကားမပြောတတ်တဲ့ အမေရိကန်နိုင်ငံသူ တစ်ယောက်ပါ။ သူ ဘာလို့ ပြင်သစ်ကို ရောက်သွားရတာလဲဆိုတော့ သူ့ သူဌေးမက ရုတ်တရက် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ပြင်သစ်ရုံးခွဲကို မသွားနိုင်တဲ့အတွက် အမ်မလီကို စေလွှတ်ဖို့ ဖြစ်လာပါတော့တယ်။ ဒီတော့ အမ်မလီတစ်ယောက် ပြင်သစ်မှာ ကြုံရမယ့် အလွဲလွဲ အချော်ချော်လေးတွေကို တသောသောနဲ့ ရယ်မောရင်း ပြင်သစ် နဲ့ အမေရိကုန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေကို မြင်ရပါမယ်။ ပြင်သစ်ရဲ့လှပတဲ့ရှုခင်းတွေနဲ့ အတူ အချစ်၊ လိင်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးရဲ့ဖက်ရှင်တွေကလည်း မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်မှာပါ။ အပိုင်းအနေနဲ့ကတော့ ၁၀ ပိုင်း ရှိပါတယ်။ အတွဲ - ၁ အနေနဲ့ ထွက်လာတာ ဖြစ်တဲ့အတွက် အတွဲ - ၂ ဆက်လာဦးမယ့်သဘောပါ။ IMDb - 7.4/10 ရထားပြီး လတ်တလောမှာ လူကြိုက်များနေတဲ့ နာမည်ကြီး စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ Quality - Web-Dl 1080P Subtitle - Burmese Episodes - 10 {Complete} Translator - Little Neo , August , Maythu Aung , Htet Wai Lwin , Yoon Sandi Aung Encoder - Thit San Khant