
CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့ Drama ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. 2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်း ရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန် ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီး မင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင် ကြပြီးတော့ သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု.. ဟာသလေးတွေလည်း ရောနှောထည့်ထားမှု... ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူး ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့.. ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီး တော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်.. ဒါပေမယ့်လည်းမတော်တဆ တခုကြောင့် မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ.. ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ် ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ.. လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်.. ကောက်ကျစ်မှု.. စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး.. သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်.. နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး.. အလွဲလေးတွေကအစပြု.. နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦး Translated By - May Htet , Thae Ei , LK , Eingyin Phyu Encoded By - LK , Moe Myint Lwin
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 18, 2013
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.3 / 10
Director
Oh Choong-hwan, Jang Tae-yoo