
2016 ခုနှစ်များဝန်းကျင်က "ဦး"ရောဂါကို တဖန်ပြန်လည် ခေတ်စားစေခဲ့တဲ့ Goblin လို့ လူသိများတဲ့ Guardian: The Lonely and Great God အမည်ရှိ ဇာတ်ကားလေးကို Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ လူ့လောကမှာ နှစ်ပေါင်း ၉၀၀ ကြာ နေထိုင်ခဲ့ရတဲ့ Kim Shin ဟာ သူ့ရဲ့ထာဝရရှင်သန်ခြင်းကို အဆုံးသတ်နိုင်ဖို့အတွက် မှင်စာသတို့သမီးကို လိုက်လံရှာဖွေရင်း စောင့်မျှော်နေခဲ့တာ အတော် ကြာခဲ့ပါပြီ။ ဒီလိုနဲ့ တစ်ညမှာတော့ သေနေ့စေ့ပြီဖြစ်တဲ့ ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်ကို သနားကရုဏာသက်ကာ အသက်ကယ်တင် ပေးခဲ့ပါတယ်။ ထိုအမျိုးသမီးက Ji Eun Tak ဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ Ji Eun Tak ဟာ ငယ်စဉ်ကတည်းက နာနာဘာဝတွေကို မြင်နိုင်စွမ်းရှိပြီး သူအရွယ်ရောက်လာတဲ့အခါမှာတော့ တစ္ဆေသရဲတွေဟာ သူ့ကိုတွေ့တိုင်း "မှင်စာသတို့သမီး" လို့ တီးတိုးရွတ်ဆိုနေသံကို မကြာခဏ ကြားခဲ့ရပါတယ်။ အဒေါ်ဖြစ်သူ မိသားစုနဲ့ အတူနေထိုင်ပေမဲ့ အမြဲအနိုင်ကျင့် နှိပ်စက်ခံရတာကြောင့် အဘက်ဘက်က နိမ့်ကျနေချိန်မှာ ကယ်တင်ရှင်ဖြစ်လာမဲ့ မှင်စာဦးလေးကြီးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ Second Lead couple အနေနဲ့ မင်းသားကြီး Lee Dong Wook ဟာ သေမင်းအဖြစ်၊ မင်းသမီး Yoo In Na ဟာ ကြက်ကြော်ဆိုင် ပိုင်ရှင်အဖြစ် Chemistry မိမိ တွဲဖက်သရုပ်ဆောင် ခဲ့ကြတာကြောင့် တစ်ကားလုံး ရသမျိုးစုံ ကြည့်ရှုခံစားကြရမှာပါ။ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာရုံသာမက OST သီချင်းများဖြစ်တဲ့ Stay With Me, Beautiful, Round And Round တို့ဟာ ဘယ်အချိန်နားထောင်ထောင် ရိုးအီသွားခြင်း မရှိတာကြောင့် ပရိသတ်ကြီးတို့ ပြန်လည်ခံစားကြည့်ရှုနိုင်အောင် Channel Myanmar က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ( အညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး Lai Laii, Shwe Pwint, Shwe Pyae, Thet Hnin Hsu, Wyne တို့က ဘာသာပြန်ဆိုပေးထားတာပဲဖြစ်ပါတယ်။) Episodes: 16 File Size:1.14GB, 618MB Quality :Web-DL 1080p,720P Genres: Drama, Comedy , Fantasy Translated by Lai Laii , Thet Hnin Hsu , Shwe Pwint , Shwe Pyae , Wyne Encoded by Min Wai
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 2, 2016
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director
Lee Eung-bok, Kwon Hyuk-chan, Yoon Jong-ho