
၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက် ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး အသစ်ရောက်လာတဲ့ မြို့တော်၀န်ကို၀င့်ကြွားစွာပြသချိန်မှာတော့ မြို့တော်၀န်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ် မြို့တော်၀န်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ် နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့ အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ် ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုး၀င်ပြီး အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့ အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင် စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ မြို့တော်၀န်လေး ဒန်ယောင်း လူ၀င်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့် သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်၀င်စားစေတာက ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့ နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ် ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော ဘဝဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော သူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့ ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 16, 2016
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Jin Hyuk