
မင်းသား Sunny နဲ့ Pee Mak မင်းသမီး Mai Davika တို့ဦးဆောင်ပါဝင်တဲ့ ထိုင်းစီးရီးလေးပါ။ ၂၀၁၉ က ထွက်ရှိခဲ့ပြီး MyDramaList မှာ Rating (7.8) ရရှိထားတဲ့ ဒီစီးရီးလေးကို Channel Myanmar ကနေ တစ်နေ့ ၃ ပိုင်းနှုန်းနဲ့ ၅ ရက်အတွင်း အစ/အဆုံးတင်ဆက်သွားမှာပါ။စုစုပေါင်း(၁၆)ပိုင်းပါပါတယ်။ COVID-19 ကာလမှာ ရှေ့တန်းထွက်တိုက်နေတဲ့ ဆရာဝန်တွေ၊သူနာပြုတွေအတွက် ဆေးဝန်ထမ်းတွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ကျူးထားတဲ့ ဒီစီးရီးလေးကို တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့..... ဒေါက်တာပန် နဲ့ တန်တဝမ် တို့က ဆယ်ကျော်သက်အရွယ်ကတည်းက ရည်းစားတွေပါ။ သူတို့အကြားမှာ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ စွမ်းအားလေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ တန်တဝမ် က ဒေါက်တာပန့်ကို သူ့ဆီလာစေချင်လို့ ခေါ်လိုက်ရင် ဒေါက်တာပန်က အနီးဆုံးမှာရှိတဲ့ ဘယ်ကြားခံနယ်မဆို ဖြတ်ပြီး လာနိုင်တဲ့ စွမ်းအားလေးပါ... သို့ပေမယ့် ချစ်သူရည်သက်တမ်း ၁၅ နှစ်ပြည့်လာတဲ့အခါ သူတို့ချစ်ခြင်းက လာတဲ့စွမ်းအားက အနည်းငယ်ယိုယွင်းလာပါတော့တယ်... ချလမ် ဆိုတဲ့ ဆဌမနှစ်ဆေးကျောင်းသား ဒေါက်တာပေါက်စလေးနဲ့ တန်တဝမ်တွေ့သွားတဲ့ အချိန်မှာပေါ့ တန်တဝမ်နဲ့ ချလမ်တို့က အက်ဆီးဒင့်တစ်ခုမှာစတွေ့ခဲ့တာပါ အဲ့ဒီအချိန်ကတည်းက ချလမ့်ရဲ့ ဒေါက်တာပန်နဲ့မတူသော ကြင်နာမှုတွေကြောင့် တန်တဝမ် ချလမ့်အပေါ်ကို ကြွေသွားမိပါရော... အဲ့ဒီနောက် ချလမ်လည်း ဒေါက်တာပန်ရသလို စွမ်းအားတွေ ရသွားတဲ့အခါမှာတော့... တန်တဝမ်ကရော လူကြီးဆန်တဲ့ ဒေါက်တာပန်ကိုရွေးမှာလား... ချစ်စရာကောင်းတဲ့ ချလမ်ကို ရွေးမှာလား.... စွမ်အားအတူတူ ရရှိသွားတော့ တန်တဝမ် ၊ ဒေါက်တာပန် နဲ့ ချလမ်တို့အကြားမှာ ဘယ်လိုအလွဲလေးတွေဖြစ်လာပြီး ဘယ်လိုဒရမ်မာတွေ ဆက်ခင်းကြမလဲဆိုတာ My ambulance series ကိုသာ ကြည့်လိုက်ပါတော့နော်...။ ဒေါက်တာပန်အဖြစ် Sunny Suwanmethanon ချလမ်အဖြစ် Sky Wongravee Nateetorn တန်တဝမ်အဖြစ် Mai Davika Hoorne စသည့်သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ File Size – 580MB @Episode Quality – HD-TV 720P Duration – 50min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – Mann MawKunn Encoder – Nyeinsaeya Aung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 6, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director
Naruebet Kuno