
Miraculous Brothers (2023) ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှုတွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။ Quality : 108op / 720p Total Episodes : 16Eps Format : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, Comedy Duration : Subtitle : Myanmar Subtitle ( Hardsub ) Translated by Shwe Pyae Sone~ Lai Laii~ Aditi~ThuThu Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 28, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
10.0 / 10
Director
Park Chan-hong