
ဟိုးရှေးပဝေသဏီတည်းက ဟိမဝန္တာရဲ့အောက်ခြေတောင်ပူစာမှာ ဘီးမ်မူကေ့ရှ်ရွှာဆိုတဲ့မြို့လေးတစ်မြို့ဖြစ်တည်ခဲ့တယ် အဲဒီမြို့လေးမှာ လျှိုဝှက်ချက်ပေါင်းစုံနဲ့ နတ်ဆိုးတွေပါရှိတယ်လို့ ဆိုစမှတ်ပြုကြတာပေါ့ ဒဏ္ဍာရီအရဆိုရင် ရှရီးရမ်နဲ့ ရာဗန်တို့ကြားတိုက်ပွဲဖြစ်တုန်းက ဟာနုမန်က ဆန်ဂျီဗနီတောင်တစ်တောင်လုံးကို မ,ရွှေ့ပြီး နေရာပြောင်းတော့ ဆန်ဂျီဗနီစေ့လေးတစ်စေ့က အဲဒီမြို့နားက တောအုပ်ထဲ ပြုတ်ကျကျန်ခဲ့တယ်တဲ့ အဲဒီအစေ့ကနေ ဘယ်လောက်စွမ်းလဲဆိုရင် သာမန်လူတစ်ယောက်ကို မသေမျိုးဖြစ်အောင် လုပ်ပေးနိုင်စွမ်းအထိရှိတာပေါ့ ဒါကို လူယုတ်တွေလက်ထဲကကာကွယ်ဖို့ မျိုးနွယ်စုတွေက သူတို့မင်းသားတွေကို ကာကွယ်သူတွေအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြတယ် နှစ်၅၀ပြည့်တိုင်း အမ်မရစ်ပူနီမာညတိုင်းမှာ တောအုပ်ထဲက ဆန်ဂျီဗနီက ပန်းပွင့်လန်းလာတယ် သူနဲ့အတူ ကာကွယ်သူတောအုပ်နတ်ဆိုးရောပါပေါ့ ဒီလိုဒဏ္ဍာရီတွေကြောင့် နှစ်၅၀ပြည့်တိုင်း လကွယ်ညတွေဆို တောအုပ်ထဲကို ဘယ်သူမှမသွားကြဘူးတဲ့ တစ်နေ့တော့ ဒီလကွယ်ညမှာမှ ပါ့သ်ဆိုတဲ့ကောင်လေးတစ်ယောက်က စာမေးပွဲကျလို့ အဲဒီတောအုပ်ထဲ စိတ်ပြေလက်ပျောက်သွားထိုင်နေမိတယ် သူသွားထိုင်တဲ့အချိန်က ဆန်ဂျီဗနီပန်းပွင့်လာချိန်တဲ့ သွားတိုက်ဆိုင်နေတော့ ဒီပန်းရဲ့ကာကွယ်သူ နတ်ဆိုးနဲ့ ပါ့သ်တို့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် Quality :720p WEB RIP Total Episodes : 600MB Format : mp4 Genres :Sci-Fi & Fantasy, Drama, Mystery Duration : 45mins Subtitle : Myanmar Subtitle ( Hardsub ) Translated by BpL~Yunni~HM~Khin~Nyein Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 5, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director