
IMDb - 8.8/10 ဂိမ်းချည်းပဲဆော့နေလို့အဆူခံရပြီး အိမ်ပေါ်ကဆင်းလာရတဲ့အချိန်မျိုး အလုပ်ပြုတ်လာတဲ့အချိန်မျိုး စိတ်ညစ်ညူးနေရတဲ့အချိန်မျိုးတွေမှာ လူတွေအကုန်မရှိတော့ဘဲ တစ်မြို့လုံးမှာ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေပဲ ကျန်တော့တယ်ဆိုရင် ပျော်မိမှာပဲ ဟုတ်တယ်မို့လား????? ဒါပေမယ့် အဲ့လိုကျန်နေခဲ့တာက အသက်နဲ့ရင်းပြီးဆော့ရတဲ့ဂိမ်းအတွက်ဆိုတာသိရင်တော့ ဆက်ပျော်နေနိုင်မှာမဟုတ်ပါဘူး ဒီဇာတ်လမ်းတွဲထဲမှာလည်း ဘူနေတဲ့သူငယ်ချင်းသုံးယောက်က အရက်သောက်ဖို့ အရက်ဆိုင်လိုက်ရှာနေရင်းက ဘုမသိဘမသိနဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိမ်းကို ဆော့လိုက်ရပါတယ် ဉာဏ်လေး ဆိုစလောက်ကောင်းပြီး တစ်ခေါက်လောက်နိုင်လိုက်ပေမယ့် သူတို့ရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက်သေကုန်တာကို တွေ့ရတဲ့အခါမှာ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲ????? ပြေးလိုက်လွှားလိုက်နဲ့သေရေးရှင်ရေးဖြစ်နေကြတဲ့ကြားထဲက သူငယ်ချင်းအချင်းချင်းကြားထဲက သံယောဇဉ်လေးတွေကိုလည်းမြင်ရမှာပါ ဒီကားကို အိမ်ကလူကြီးတွေကိုလည်းပြပေးသင့်ပါတယ် အလုပ်မလုပ်ဘဲ ဂိမ်းပဲဆော့နေတာက သေရေးရှင်ရေးကြုံလာတဲ့အခါမှာ အထောက်အကူပြုပါတယ်ဆိုတာလေးသိရအောင်ပေါ့လေ ဒီ့အပြင် Netflix ကရိုက်တဲ့ကားဆိုတဲ့အတိုင်း စိတ်ပျက်စေမှာ မဟုတ်တဲ့အပြင် ဂျပန် Live action တွေတိုင်းမှာ နာမည်ကြီးတဲ့ Yamazaki Kento ကခေါင်းဆောင်ပါဝင်ထားတာကို အချိန်လေးပေးပြီးကြည့်ပါလို့ Yamazaki Kento ရဲ့ကောင်မလေးက တိုက်တွန်းရင်း CM အဖွဲ့သားများနဲ့အတူ ဘာသာပြန်တင်ဆက်လိုက်ပါတယ်ရှင် IMDb - 8.8/10 Rotten Tomatoes - 96% ဆိုတော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ File Size - 700MB Quality - 1080P Subtitle - Myanmar (Hardsub) Genre - Drama, Mystery, Action & Adventure, Sci-Fi & Fantasy Translators - August, Charm Wave, Thinzar Htet Encoder - August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 22, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director