
Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။ ဒီကားလေးက လျှို ့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။ အပိုင်း၁ဝပိုင်းပါရှိပါတယ်။ လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။ တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော? ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။ လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။ လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ ့အလောင်းအနေနဲ ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ? မက်စ်ရဲ ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ... Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။ လျှို့ဝှက်ဆန်းကျယ် အတွေးနယ်ချဲ ့ရတဲ့ ခံစားချက်ကို သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုခံစားချင်တဲ့ ပရိသတ်ကြီးအတွက်ဒီ Dark ဆိုတဲ့စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Quality – 720p NF WEB-DL Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Mystery Source : 1080p.NF.WEB-DL.DDP5.1.x264-NTb Translator - Aye Mon Kyaw,May Haruko,Nay Chi Encoder – Kyaw Ye Aung/Thanhtike Zaw
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 1, 2017
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.4 / 10
Director