
CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။ အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။ လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။ လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာ ပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။ လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲ ကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။ အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့ သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီး အာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့် သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ဘဝတွေက ၅ နှစ်စာ ပြောင်းလဲနေပြီလေ။ ပြောင်းလဲနေရုံတင်မကဘဲ ခရီးသည်တွေကြားထဲမှာ ထူးဆန်းတဲ့ ဆက်နွယ်မှုတွေဖြစ်လာတယ်။ ခေါင်းထဲမှာ ထူးဆန်းတဲ့အသံတွေ အမြင်တွေ ကြားလာကြတယ်။ အဲဒီအသံတွေ အမြင်တွေက အနာဂတ်ကို ကြိုမြင်နိုင်တဲ့အစွမ်းတွေနဲ့ပါ ဆက်စပ်လာတဲ့အခါ ပဟေဠိတွေ အများကြီးဖြစ်လာပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ထူးထူးဆန်ဆန်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ ကြည့်လိုက်ရအောင်။ Translated by Garfield Encoded by Mr. Anderson Drama, Mystery, Sci-fi Fantasy Size - 400 Mb
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 1, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director