
Netflix ရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ သတ်ဖြတ်တာတွေကြမ်းတယ်၊ ဖောင်းဒိုင်းနည်းနည်းပါတယ်၊ အသားကုန်ဆဲတယ် ကလေးတွေပြဖို့နည်းနည်းခက်ပါမယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် comic တစ်ခုကို ယူထားတာပါပဲ။ ယူနီယံဆိုတဲ့ စူပါဟီးရိုးအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ စွမ်းအားတွေကတော့ စုံပလုံသုံနေတာပါပဲ။ ခေါင်းဆောင်ကတော့ ထုံးစံအတိုင်း စူပါမန်းနဲ့ စွမ်းအားချင်းတူပါတယ်။ သူ့မိန်းမ၊ သမီး၊ သား၊ အစ်ကို၊ အကုန်လုံး စွမ်းအားကိုယ်စီနဲ့ပါ။ စူပါဗီလိန်တွေပါတယ်။ သမိုင်းအရှုပ်အရှင်းတွေပါတယ်။ ဒီခေတ်မှာ စူပါဟီးရိုး နဲ့ လူဆိုးဆိုတာ အဖြူအမည်း မသဲကွဲတော့သလို ဘယ်လို ဖြေရှင်းရမယ်ဆိုတာတွေကလည်း သိပ်မရိုးရှင်းတော့ပါဘူး။ The Boys လိုပဲ နည်းနည်းမှောင်ပြီးနက်မယ့် စီးရီးအမျိုးအစားပါပဲ။ အားပေးလိုက်ကြပါဦး။ ဒီ စီးရီးဟာ(၈)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး cm မှ ဆက်တိုက်တင်ဆက်ပေးသွားမှာမို့ အားခဲကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr Anderson ပဲဖြစ်ပါတယ်။) Quality – 1080p WebRip Duration – 45 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : 1080p.WebRip Translator – Mr Anderson Encoder – SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 7, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.1 / 10
Director