
ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်.... ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ အီမီဟျွန်း၊ ဂျွန်ဂဲဒို၊ အီဂျယ်မန်တို့က မျိုးရိုးလိုက်ပြီး စွမ်းအားတွေနဲ့မွေးဖွားလာကြတဲ့ သူတို့ရဲ့ကလေးတွေကို ရန်သူတွေရဲ့လက်ကနေကာကွယ်ဖို့ အထက်တန်းကျောင်းတစ်ခုမှာ သူများနည်းတူ ပုံမှန်လိုပဲ ကျောင်းတက်ခိုင်းပြီး ဖွက်ထားပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့စွမ်းအားတွေကို အသုံးချချင်နေတဲ့သူတွေ ပေါ်လာပြီး ကလေးတွေကို လိုက်ရှာကြတဲ့အခါမှာတော့.... သူတို့ရဲ့ သားသမီးတွေကရော သူတို့ရဲ့ သဘာဝလွန်စွမ်းအားတွေကို လူတွေမသိအောင် ဘယ်လိုမျိုးဖုံးကွယ်နေကြမလဲ...။ မိဘတွေကရော သူတို့ကလေးတွေကို ဘယ်လိုမျိုး ကြိုးစားကာကွယ်ကြမလဲ... ဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပြီး သဘာဝလွန်အက်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူအတွက်တော့ လုံးဝအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ Aired: Aug 9, 2023 ~ Aired On: Wednesday Genres: Action, Thriller, Mystery, Sci-Fi Duration: 40 mins Episodes: 20 Original Network: Disney+ Translated by Hay Thar Oo, Htoo Htoo Aung, Stary, Thinn & Chothet_mlmt Encoded by Min Wai , Tiff
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
August 9, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director
Park In-je, Park Yoon-seo