
အပိုင်း (၁ မှ ၁၆) ထိ [စ/ဆုံး] (Unicode) Dong Baek (Yoo SeungHo) ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့ပါတယ်....... သူ့ရဲ့စွမ်းအားကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိလိုက်တာနဲ့ အဲ့လူရဲ့မှတ်ဥာဏ်ကိုဖတ်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ် .....တိုက်ရည်ခိုက်ရည်ရှိတဲ့အပြင် ရရှိထားတဲ့စွမ်းအားတွေကိုအသုံးချလေတော့ အထက်မြက်ဆုံးသော စုံထောက်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်...... တစ်နေ့တော့ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်တယ်.... သိပ်မကြာခင် မှာပဲနောက်တစ်ယောက်ဆက်သတ်ခံရတယ်..... ဒီအမှုတွေက စုံထောက် Dong Baek (Yoo SeungHo) ကို အတော်ခေါင်းကိုက်စေတယ်လို့ဆိုရမယ်...သဲလွန်စတွေလည်းမကျန်သလို လူသတ်သမားကလည်း ခေါင်းကောင်းတဲ့ ကြေးစားလူသတ်သမားဖြစ်ပုံရတယ်.....ပြီးတော့ ဒီလူသတ်မှုနောက်ကွယ်က ဘယ်လိုအဖွဲ့အစည်းတွေပါမလဲဆိုတာလည်း မသိရသေးဘူး... အဲ့ဒီအမှုတွေကိုလည်း Han Sun Mi (Lee Se Young) ဆိုတဲ့ ခပ်ချောချော အထူးစုံ ထောက်မလေးလည်း လိုက်နေတယ်... Dong Baek (Yoo SeungHo) နဲ့ Han Sun Mi (Lee Se Young) တို့ပေါင်းမိပြီး ဒီ ထူးဆန်းပြီးလူမဆန်တဲ့ကွင်းဆက်လူသတ်မှုကို ဖောက်ထုတ်နိုင်မလား... သူတို့မတားဆီးနိုင်တဲ့အပြင် နောက်ထပ်လူသတ်မှုတွေ ထပ်ပေါ်နိုင်မလား.... လူသတ်သမားကရော ဘယ်လိုမျိုးလဲ....သူ့နောက်ကွယ်မှာရော အင်အားကြီး လွန်းတဲ့ အဖွဲ့အစည်းတွေရှိနေနိုင်မလား...ဆိုတာတွေကိုတော့ ဆက်လက်ခံစားကြည့်ကြပါ.... ဒီစီးရီးက အက်ရှင်ခန်းတွေလည်းများစွာပါသလို စုံထောက်လုပ်နေတဲ့ ခပ်ဆန်းဆန်း ဇာတ်ကွက်တွေကိုလည်း စိတ်ဝင်စားဖွယ်ရာတွေ့မြင်ရလိမ့်....ဗီလိန်နဲ့ အားပြိုင်မှုကောင်းတာကြောင့် ဇာတ်လမ်းက ပိုဆွဲဆောင်မှုရှိတယ်.... ဒီကားထဲက သရုပ်ဆောင်တွေကိုတော့ ကွီးယားကြိုက်သူတို့ သိပ်မစိမ်းလှလောက်ပါဘူး...မျက်ခုံးကောင်းကောင်းနဲ့ I am not robot မှာကောင်မလေးတွေရဲ့အသည်းကိုဖမ်းစားသွားတဲ့ မင်းသား Yoo SeungHo နဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် ခပ်လှလှ ဘူဂျာ Lee Se Young တို့ပဲဖြစ်တယ်.... အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်းထွက်ရှိမှာဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain & Hnin Pale တို့ပဲဖြစ်ပါတယ်..... Quality – HD-TV 720P Duration – 70min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action,Drama,Mystery Translator – Shoon Thu Thu Chain & Hnin Pale Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 11, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director
Kim Hwi, So Jae-hyun