
ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီဆောင်းဂီ နဲ့ ဘယ်ဆူဇီ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် စပိုင် စီးရီးလေး လာပါပြီ..... အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်... သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကို ခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်... သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင် အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်.. သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကြီးသေဆုံးသွားတယ်.. ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာ မော်ရိုကိုကို သူလိုက်သွားတယ်... သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာ မတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်... အဲ့ဒီနောက်မှာတော့..... သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်.. မင်းသားဖြစ်တဲ့လီဆောင်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက် ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်... ပရိသတ်အချစ်တော် မင်းသမီး ဘယ်ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်.... ဒီဇာတ်လမ်းတွဲဟာ (၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့ညများမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်.... ဇာတ်လမ်းအညွှန်းကိုတော့ SCRNမှရေးသားပေးထားပါတယ်... Quality – WEB-DL 720P Duration – 60min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action,Spy,Adventure Translator – SCRN, ThinZar Htet,May Phyu Zaw Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 20, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.4 / 10
Director
Yoo In-sik