
အပိုင်း( ၁ မှ ၁၆) စ/ဆုံး (စဆုံးခုမှကြည့်မယ့်သူများအတွက် Zip File (၂)ခုဖြင့် ပြုလုပ်ပေးထားပါသည်...) မှုခင်း ဒရာမာ ကြိုက်သူတွေ အတွက် ကိုရီးယားဒရာမာကောင်းကောင်း တစ်ကားတော့ လာပြန်ပါပြီ။ အဓိကဇာတ်ဆောင်မင်းသားတွေကတော့ Chocolate နဲ့ Encounter မှာ ပါဝင်ခဲ့တဲ့ မင်းသားချော ဂျန်ဆောင်းဂျို နဲ့ သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး ဆုန်ဟွန်ဂျူးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ လုပ်သက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ စုံထောက်ကြီး ဂန်ဒိုချန်းက အမှုလိုက်ရာမှာ အတွေ့အကြုံ၊ အဆက်သွယ်နဲ့ နည်းပညာကို အသုံးချပါတယ်။ လုပ်သက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ စုံထောက် အိုဂျီဟော့ ကတော့ ဦးလေးဆုံးပါးပြီး အမွေတွေ ရရှိထားတဲ့ လူကုံထံစုံထောက်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အမှုလိုက်ရာမှာ ရရှိထားတဲ့ သက်သေတွေကို အသုံးချပြီး တရားခံရဲ့ စိတ်ကို ခန့်မှန်းပြီး အမှုလိုက်ပါတယ်။ ငယ်စဉ်က ရရှိထားတဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပျက်သမျှ ကိစ္စတွေကို ဘယ်သူ့ကိုမှ ရင်ဖွင့်လေ့ မရှိပါဘူး။ မင်းသမီးကတော့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး ဒီစုံထောက်နှစ်ယောက်နဲ့ ဘယ်လိုဆက်နွယ်မိမယ်ဆိုတာရယ် သူတို့နှစ်ယောက်ရဲ့ အမှုလိုက်ပုံတွေက ဇာတ်လမ်းကို ဘယ်လိုဆန်းသစ်စေမယ်ဆိုတာကို့ ကြည့်ရှုရမှာပါ ဒီစီးရီးကို Chnannel Myanmar မှာအပတ်စဉ် အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူး မနက်တိုင်းမှာ အမြန်ဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် (ဘာသာပြန်ပေးထားသူတွေကတော့ Khin Pyae Sone Kyaw,Kyar Phyu Lwin နဲ့ Shoon Thu Thu Chain တို့ပါ) Quality – 720p HDTV Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Mystery, Thriller Source : 720p HDTV AAC H.264-NEXT Translator – Khin Pyae Sone Kyaw,Kyar Phyu Lwin And Shoon Thu Thu Chain Review : Myo Nyunt Encoder –Thanhtike Zaw
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
July 6, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.3 / 10
Director
Cho Nam-guk