
အပိုင်းသစ် (၁ မှ ၆)ထိ စ/ဆုံး (၆)ပိုင်းတစ်ပြိုင်နက်ထွက်ရှိမှာဖြစ်လို့ တစ်ထိုင်ထဲထိုင်ကြည့်ဖို့ အနည်းငယ်စောင့်ဆိုင်းပေးကြပါကုန်.... နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ဉပဒေကို ကိုရီးယားမှာပြဌာန်းထားတာအားလုံးသိကြမှာပါ.... ထုံးစံအတိုင်းအသက်ပြည့်လို့ တာဝန်ထမ်းဆောင်ဖို့ စစ်ထဲရောက်လာကြတဲ့သူတွေရှိပါတယ်... စစ်တပ်ဆိုတာလည်းသိတဲ့အတိုင်း ဌာနဆိုင်ရာတွေများပြားလွန်းလှသလို တာဝန်အသီးသီး သယ်ပိုးရတာလည်းအများကြီးရှိပါတယ်...အခုမှစစ်ထဲဝင်တဲ့ အန်ဂျွန်ဟိုအတွက်တော့ထူးခြားတယ်ပြောရမှာပဲ... နိုင်ငံတိုင်းမှာ စစ်ပြေးတွေပြန်လည်ဖမ်းဆီးဖို့ သီးခြားဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုရှိကြတယ်... မြန်မာမှာဆိုရင်တော့ တပ်ထိန်းဖြစ်မလားပဲ...ဒီလိုအဖွဲ့အစည်းက သိရသလောက်ဖိုက်တာတွေနဲ့ ဖွဲ့ထားတယ်ပြောတယ်....စစ်ပြေးတဲ့သူတွေကလည်း အခြေခံစစ်ပညာ တိုက်ရည်ခိုက်ရည်တွေရှိတော့ ဖမ်းဆီးတဲ့နေရာမှာ သူတို့ထက် လက်စောင်းထက်ပြီး ဖိုက်တာကျနေနိုင်မှာအဆင်ပြေမှာမို့ တော်ပေ့ ကြမ်းပေးဆိုတဲ့သူတွေနဲ့ဖွဲ့စည်းထားတယ်လို့ ဆိုတယ်... အန်ဂျွန်ဟိုတစ်ယောက် မမျှော်လင့်ဘဲ တပ်ထိန်းတပ်ဖွဲ့ထဲရောက်ပြီး မကြုံစဖူး ထိတ်လန့်စရာ တာဝန်တွေထမ်းဆောင်ဖို့ကြုံလာရတဲ့အခါမှာတော့... Episodes-6 Air Date-Aug 27, 2021 Genres: Action, Military, Drama Translated by Ei Phyu Khin, Hnin Pale,Mi Moe Set & Myo Myo Htet Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
August 27, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.1 / 10
Director