
ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး... ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းက ကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်.... မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရဝပြုတဲ့ တောင်ကိုရီးယားသမ္ပတကို မြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်... ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာ မြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်..... Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲ ထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်... ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီး ကိုယ်တိုင်သာဆုံးဖြတ်ကြပါ... ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါ Quality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်... Review by Moe Myint Lwin Duration ...... 1 hour Quality ...... HDTV 720p Translator ...... Moe Myint Lwin Encoder ...... Moe Myint Lwin
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 25, 2011
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Jin Hyuk