
Daredevil Season 3 ကို ဘာသာပြန်ပြီး တင်ပေးပါပြီ။ ဒီစီးရီးကတော့ Netflix ရဲ့ မာဗယ်ဟီးရိုး စီးရီးထဲမှာ လူကြိုက်အများဆုံးလို့ ပြောရမှာပါပဲ။ Netflix မှာ လက်ရှိ ပြသနေတဲ့ မာဗယ် ဟီးရိုးစီးရီး ၆ ခု ရှိပါတယ်။ နာမည်တွေကတော့ - Daredevil (3 Seasons) - Jessica Jones( 2 seasons) - Luke Cage( 2 seasons) - Iron Fist (2 seasons) -Punisher (1 season) - Defenders ( 1 season) တို့ပဲ ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာတော ့ Daredevil စီစန် ၃ခု၊ Luke Cage စီစန် ၁ ခု၊ Iron Fist စီစန် ၁ ခု Punisher စီစန် ၁ ခု နဲ့ Defenders စီးရီးကို တင်ပေးထားပါတယ်။ ဂျက်စီကာဂျုန်းကတော့ စီစန် ၁ မှာကတည်းက သိပ်အကြိုက်မတွေ့လို့ မတင်ပေးဖြစ်ပါဘူး။ လုကေ့နဲ့ အိုင်ယွန်ဖစ်ထ် ကတော့ စီစန် ၁ တွေကို တင်ပေးထားပါတယ်။ အဓိကကတော့ သူတို့အားလုံးပေါင်းပြီး ရိုက်ထားတဲ့ ဒဖန်ဒါစ် စီးရီးကိုကြည့်ဖို့ ဒဲရ်ဒဗယ် နဲ့ အိုင်ယွန်ဖစ် ကို ကြည့်ထားဖို့ လိုပါတယ်။ ဒီနှစ်ထားမှာ ထွက်ထားတဲ့ JJ, LC, IF season 2 တွေကိုတော့ တင်မပေးဖြစ်တော့ပါဘူး။ rating အရလည်း မကောင်းသလို ဇာတ်လမ်းလည်း သိပ်မကောင်းပါဘူး။ ထပ်ပြီးလည်း ထွက်ဖို့မရှိတော့ပါဘူး။ cancle ဖြစ်ကုန်ပါပြီ။ Punisher season 1 ကတော့ အတော်လေးကောင်းတဲ့အတွက် ထပ်ထွက်လာရင် တင်ပေးမှာပါ။ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ပြောပြပါမယ်။ နယူးယောက်မှာ အဆိုပါ စူပါဟီးရိုး ၄ ယောက်ဟာ Defenders အဖြစ် ပေါင်းစည်းပြီး အလွန်ရှေးကျပြီး အစွမ်းထက်တဲ့ Hand လို့ခေါ်တဲ့ အဖွဲ့အစည်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ သူတို့နဲ့ ဟန်းဒ်ရဲ့ နောက်ဆုံးတိုက်ပွဲမှာ JJ,LC,IF တို့ လွတ်မြောက်လာပြီး Daredevil ကတော့ အလက်ထရာနဲ့အတူ အသေခံဖို့ ကျန်နေခဲ့ပါတယ်။ အခု စီစန် ၃ ဟာ အဲဒီနေရာကနေ ဆက်မှာပါ။ Daredevil အကြောင်းလေး နည်းနည်းပြန်ဖော်ကြည့်ရအောင်။ စီစန် ၁ မှာ မက်မားဒေါ့ဟာ ကလေးဘဝကတည်းက မတော်တဆမှုတစ်ခုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အခြားအာရုံခံနိုင်စွမ်းတွေကတော့ အရမ်းကို ထက်မြက်လာတဲ့အပြင် Hand အဖွဲ့ရဲ့ ရန်သူတော်ဆရာကြီးတစ်ဦးနဲ့တွေ့ပြီး တိုက်ခိုက်ရေးပညာပါ တစ်ဖက်ကမ်းခတ်လာခဲ့တာပါ။ သူ့ရဲ့အာရုံခံနိုင်စွမ်းအရ ပတ်ဝန်းကျင်မှာ နှလုံးခုန်သံနဲ့ လူဘယ်နှယောက်စီ ရှိမလဲ၊ ဘာလက်နက်တွေပါလဲ၊ ဘယ်သူက ဘာတွေအဝေးကြီးကနေ ပြောနေလဲ စသည်ဖြင့် အံ့သြစရာ ထက်မြက်ပါတယ်။ စီစန် ၁ ကိုကြည့်ဖူးတဲ့လူတွေသိပါတယ်။ အရမ်းကို ဆွဲဆောင်မှုရှိပြီး ဗီလိန်တွေကလည်း အရမ်းမိုက်ပါတယ် နှလုံးခုန်သံနဲ့ ကိုယ်အပူချိန်ကို ထိန်းထားတဲ့ နင်ဂျင်တွေ၊ အတွင်းအားနဲ့အသက်ရာချီတဲ့ သိုင်းသမားတွေ စုံလို့ပါပဲ။ စီစန် ၂ ရောက်လာပြန်တော့လည်း Punisher နဲ့ အလက်ထရာပါ ပါလာတဲ့အတွက် ၁ ထက်တောင် ပိုကြည့်ကောင်းလာပါသေးတယ်။ စီစန် ၂ အပြီးမှာ ထွက်လာတဲ့ Defenders ကလည်း ကြည့်သင့်တဲ့ တကယ်ကောင်းတဲ့ စီးရီးတစ်ခုပါ။ အဲဒီစီးရီးအပြီးမှာတော့ အခုတင်ပေးထားတဲ့ စီစန် ၃ ကို ခံစားနိုင်ပါပြီ။ Daredevil ရဲ့ နာမည်ကြီး ရန်သူတွေကြီးတွေ ပြန်လာပါလိမ့်မယ်။ အများကြီးတော့ မပြောပြတော့ဘူးနော်။ ဆက်ပြီးကြည့်လိုက်ကြပါဦး။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 19, 2018
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director