
အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း) ဒီတစ်ခါ CM ကထပ်ပြီးတင်ဆက်ပေးမှာကတော့ Kdrama fan တို့ရဲ့အသည်းစွဲဖြစ်တဲ့ Lee Dong Wook နဲ့ Squid Game ကနေလူသိများလာတဲ့ Wi Ha Joon တို့ရဲ့ စုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်.... အဓိက လီဒုံဝု မင်းသားကြီးသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ဖြစ်တဲ့ "လျူဆူယောလ်" က မှုခင်းဆေးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ရဲအရာရှိတစ်ယောက်ပါ။ တပ်ဖွဲ့တစ်ခုလုံးကသူတွေထဲမှာ အထက်တန်းပညာအရည်အချင်းသာ ရှိပေမဲ့လည်း အထက်လူကြီးတွေ အကြိုက်နေတတ်ပြီး အရည်အချင်းရှိတာကြောင့် ရာထူးတွေတိုးပြီး နေရာတစ်နေရာ ရလာနေတဲ့ ရဲအရာရှိ လူလည်ကြီးပေါ့ဗျာ... အထက်လူကြီးတွေ သဘောကျ လူကြိုက်များတဲ့ အမှုတွေကိုပဲ စွမ်းစွမ်းတမံဆောင်ရွက်ရင်း တချို့ အမှန်တရားကို သိနေပေမဲ့ နာမည်ကောင်းမရနိုင်တဲ့ အမှုမျိုးဆို မသိကျေးကျွံလည်း ပြုထားတတ်သေးတာဗျ။ အဲလိုနဲ့ ရာထူးတိုးကာလ နီးကပ်လာတဲ့အခါမှာတော့ သူ့ရဲ့နေရာပျောက်ဆုံးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ "ကေ" ဆိုတဲ့ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ပြီး အလွန်တရာကိုမှ သမာသမတ်ကျတဲ့သူကြီး ပေါ်လာတာကြောင့်ပါပဲ။ သူက သမာသမတ်ကျတဲ့ လူကောင်းတစ်ယောက်ဆိုပေမဲ့လည်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ရှေ့နောက်မတွေးဘဲ မိုက်ရူးရဲဆန်တဲ့လူစားမျိုး... ဒီလိုလူ(၂)ဦးဟာ ဌာန တစ်ခုထဲ ရာတိုးတစ်ခုထဲသာရှိတဲ့ ထိုင်ခုံကိုလုရသလိုဖြစ်လာတဲ့အခါမှာတော့... တစ်ချိန်ထဲမှာပဲ ဆိုးဝါးတဲ့ လူဆိုးဂိုဏ်းတွေလည်း ဂြိုလ်ကြွလာကြတဲ့အခါမှာတော့... အက်ရှင်ခန်းတွေလည်းမိုက်လှသလို ကလေးဆိုးကြီးတွေလိုပြိုင်ကြတဲ့အခါမှာ လွဲချော်တဲ့ ဟာသလေးတွေကို အမောပြေတွေ့ရမှာဖြစ်တဲ့အပြင် အပီအပြင်ကြမ်းတဲ့ ဂန်းစတားတွေနဲ့ ဉာဏ်ကစား ပွဲကြမ်းခန်းတွေပါ ခံစားရမှာမို့ လက်မလွှတ်ကြပါနဲ့ဗျို့... Episodes: 12 Aired: 17-12-2021 -Jan 22, 2022 Aired On: Friday , Saturday Genres:Action & Adventure, Crime, Drama, Sci-Fi & Fantasy Translated by Eiphyu Kinn, Khine Khine Wai ,Hnin Wut Yi & Chothet_mlmt Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 17, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.3 / 10
Director
You Sun-dong