
Korea MyDrama List မှာ Rating 9.1/10 ထိရရှိထားပါတယ်။ #Unicode ကိုရီးယားကားဆို အချစ်ကားချည်းပဲ မထင်ကြပါနဲ့။ ဒီလို အက်ရှင်ကားကောင်းကောင်းတွေလည်း ရှိပါတယ်။ ရဲအက်ရှင်ကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကြီး ကောင်းတဲ့ကား ဖြစ်သွားတာပါပဲ။ ဇာတ်လမ်း ကတော့ "ရူဂယ်" ဆိုတဲ့ အထူးလျှိူ့ဝှက်တပ်ဖွဲ့ အကြောင်းပါ။ ဘယ်လို တပ်ဖွဲ့မျိုးလဲဆိုတော့ ချိုကျိုးနားရွက်ပဲ့ တပ်ဖွဲ့ပါ။ မျက်စိကန်းတဲ့လူ၊ တစ်ကိုယ်လုံးမီးလောင်ထားတဲ့လူ၊ ခေါင်းကို ကျည်ဆံမှန်ထားတဲ့လူ နဲ့ လက်ကို ထိ ခိုက်ထားတဲ့လူ တွေ ပါပါတယ်။ ဒီလူတွေကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူမတူအောင် ထူးခြား သွားပါတော့တယ်။ မျက်စိမမြင်တဲ့လူကို လူကဖန်တီးတဲ့ မျက်စိ ထည့်လိုက်တဲ့ အချိန်မှာတော့ မျက်စိပြန်မြင်လာ ရတဲ့အပြင် မျက်စိကနေ အချက်အလက်တွေ ရလာပါတယ်။ စောင့်ကြည့်ကင်မရာလို အသုံးချလို့ ရလာပါတယ်။ တခြားလူတွေလည်း အားနည်းချက်ကို ပြုပြင်လိုက်တဲ့အခါမှာ အားသာချက်တွေ ပြန်ဖြစ်လာကြပါတယ်။ သူတို့အဖွဲ့က "အားဂို့စ်" ဆိုတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့..... Webtoon ကို အခြေခံ ရိုက်ကူးထားပြီး ပျိုမေတို့ရဲ့အသည်းကျော် မင်းသားက ခေါင်းဆောင်ရိုက်ကူးထားတာ မို့ သဘောတွေ့ကြဦးမယ့်ကားပါပဲ။ ကျား၊ မ မကျန် အကုန်ကြိုက်မယ့်ကားပါပဲ။ Mydramalist မှာ 9.1/10 ရထားတာဆိုတော့ ထပ်ညွန်းစရာ လိုမယ် မထင်တော့ပါဘူး။ (ဒီဇာတ်လမ်းတွဲရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Augest, ThinZar Htet, Hein That Naing ပဲဖြစ်ပါတယ်။) Quality – 720p WEB-DL Duration – 1hr 16 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Thriller, Crime, Drama, Sci-Fi Source : 1080p.WEB.H264 Translator – August, Thin Zar Htet, Hein That Naing Encoder – San Win Maung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 28, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director
Kang Chul Woo