
ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ "Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက နိုင်ငံရေးလုပ်စေချင်တဲ့ Lennix တို့ အေးဂျင့်လေ့ကျင့်ရေးကျောင်းမှာ ဘာတွေ ဘယ်လိုသင်ယူခဲ့ရလဲဆိုတာ ရိုက်ပြထားပါတယ် ပစ္စုပန်ကာလ ၂၀၂၃ မှာတော့ Poet က FBI သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသွင်ယူစုံစမ်းစစ်ဆေးရေးကို လုပ်ဆောင်အပြီး သူ့သူငယ်ချင်း Hour ရဲ့အချက်အလက်စုဆောင်းတဲ့ database အကြောင်း အထက်ကို လျှို့ဝှက်သတင်းပို့ပေးဖို့ တာဝန်ပေးခံရပါတယ်။ Lennix ကတော့ အဲအချိန်မှာ အမှုဆောင်ဒါရိုက်တာဖြစ်နေပါပြီ။ Tayo ကတော့ နယ်မြို့လေးတစ်ခုမှာ တာဝန်ကျနေပြီး မွေးမြူရေးခြံတစ်ခုရဲ့ ပိုင်ရှင်ကို သွားစစ်ဆေးနေပါတယ်။ အဲဒီမှာ သူသိလိုက်ရတာကတော့ အဲဒီပိုင်ရှင်ဆိုသူက FBI အဖွဲ့အစည်းကြီးတစ်ခုလုံးကို အမြစ်ဖြုတ်ဖို့ကြံစည်နေတယ်ဆိုတာပါပဲ။ အနာဂတ်မှာတော့ Hour ရဲ့ database ကြောင့် အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ database ကို ထိန်းသိမ်းနေသူကတော့ Hour မဟုတ်တော့ဘဲ Tayo ဖြစ်နေပါတယ်။ Poet ကတော့ Amos Garcia ဆိုသူရဲ့ အိမ်ကို သွားရောက်စစ်ဆေးဖို့ အကြောင်းရင်းလည်းမသိရ ဖြစ်နေတဲ့အမှုလည်းမရှိဘဲ database ရဲ့ AI က တာဝန်ပေးတာခံရပါတယ်။ စစ်ဆေးပြီးရက်အနည်းငယ်အကြာမှာ အဲဒီ Amos ဟာ Poet ရဲ့ အိမ်ထဲခိုးဝင်ရောက်ပြီး အဲဒီ AI က သူတို့ထင်နေသလိုမဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ သတိပေးနေစဥ်မှာဘဲ Tayo လွှတ်ထားတဲ့ အစောင့်ရဲတွေ ဝင်လာပြီး Amos ကို ပစ်သတ်လိုက်ပါတော့တယ်။ Amos ပြောသလို သူတို့ AI နဲ့ပတ်သတ်ပြီး မသိသေးတာရှိနေသလား… AI ကရော ဘာလို့ Hour ဆီကနေ Tayo ဆီရောက်နေရတာလဲ… သူတို့လေးဦးနဲ့ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားတာနဲ့ ဘယ်လိုများ သက်ဆိုင်နေမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင် File size…(910 MB)/(375 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Drama, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by CM Team
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 10, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.8 / 10
Director