
HBO ကတော့ စိတ်ဝင်စားစရာ စီးရီးတစ်ခုကို တင်ဆက်ထားလိုက်ပါပြီ။ စာရေးဆရာကြီး Erle Stanley Gardner ရဲ့ နာမည်ကျော် ရှေ့နေကြီးပယ်ရီမေဆင် ဇာတ်ကောင်နာမည်ကို ယူထားတာပါပဲ။ မူရင်းဝတ္ထုတွေမှာ ပယ်ရီမေဆန်ဟာ နာမည်ကျော် ရှေ့နေကြီးဖြစ်ပါတယ်။ ဆရာမောင်ဝံသ ဘာသာပြန်ထားတဲ့စာအုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးမှာတော့ ပယ်ရီမေဆန်ဟာ စစ်ပြန် အလွတ်စုံထောက် ပေတိပေစုတ်အနေနဲ့ စတင်ပြသထားပါတယ်။ အိမ်ပြေးမှု၊ ဖောက်ပြန်မှုလေးတွေလိုက်တတ်တဲ့ အလွတ်စုံထောက်ပေါ့။ တစ်နေ့မှာတော့ ကလေးငယ်လေးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်သွားတဲ့ အမှုကိုစလိုက်ဖို့ အကြောင်းဖန်လာတဲ့အခါ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်လာရပုံနဲ့ အစပျိုးထားပါတယ်။ တစ်ပတ်တစ်ပိုင်းမို့ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သတ်ဖြတ်ခန်းတွေ၊ အိပ်ရာခန်းတွေ ကြမ်းတမ်းတာမို့ မိသားစုနဲ့ မကြည့်သင့်သလို၊ အသက်မပြည့်သေးရင်မကြည့်သင့်ပါဘူးလို့ သတိပေးလိုပါတယ်။ Translated by Littleneo Genre - Crime, Drama Size - 400 mb Quality - webrip 720p