
ကြေးရတတ်လူတန်းစား ရေပေါ်ဆီလေးတွေရဲ့ သပွတ်အူထက် ပိုရှုပ်ထွေးတဲ့ Relationshipတွေအကြောင်းကို Las Encinas ကျောင်းတော်ကြီးမှာ ဇာတ်အိမ်တည်ပြီး အမျိုးစုံကြိုးခုန်လာတဲ့ Elite seriesကတော့ အခုဆို season 5အထိ ရောက်လာခဲ့ပါပြီ၊ Season 4အပြီးမှာတော့ ဂုဇ်မန်းနဲ့ အန်ဒါတို့ ပညာတော်သင်ဖို့ထွက်သွားကြပြီး ဇာတ်ကောင်အသစ်တွေအနေနဲ့ ဆိုဖီယာဆိုတဲ့ နာမည်ကြီးဆယ်လီတစ်ယောက်နဲ့ အီဗန်ဆိုတဲ့ ခပ်ဟော့ဟော့ ကောင်လေးတစ်ယောက် Las Encinas ကျောင်းတော်ကြီးကို ထပ်ပြီး ရောက်လာကြပါပြီ၊ ဆိုဖီယာကတော့ မင်းသားဖီးလစ်နဲ့ကာယေးတာနာတို့ကြား ဝင်လာမယ့်သူဖြစ်ပြီး အီဗန်ကတော့ တွေ့မရှောင်မယ့် multi-target လေးပါ၊ ဒီဇာတ်ကောင်အသစ်တွေက ဆာမြူနဲ့ အာရီ၊ အိုမာနဲ့ ပက်ထရစ်၊ မန်စီယာနဲ့ရေဘက္ကာ၊ ဖီးလစ်နဲ့ ကာယေးတာနာတို့ရဲ့ဆက်ဆံရေးတွေကြား ဘယ်လိုနှစ်ပင်သုံးပင်လိမ်စေဦးမလဲ၊ Elite seriesရဲ့ ပါဝင်နေကျ murder caseမှာရော ဒီ seasonအတွက် ဘယ်သူ သေပြီး ဘယ်သူ တရားခံဖြစ်မလဲဆိုတာကို Elite ထုံးစံအတိုင်း မိသားစုနဲ့ တူတူကြည့်လို့မရတဲ့ ပွင့်လင်းမြင်သာ၊စုံစီနဖာစွာသော scene တွေနဲ့အတူ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရဦးမှာပါ၊ အပိုင်း အစအဆုံးထွက်ရှိလာတာဖြစ်ပြီး CMမှ ဆက်တိုက်တင်ဆက်ပေး သွားပါမယ်၊ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre.....Drama, Crime, Thriller Quality….WEB-DL 1080p File size ..... 700MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator .....CM Team Encoder ..... August