
စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationship အကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။ အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာ ပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်... Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့် အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ထိုလူငယ်လေးသုံးယောက်တက်နေတဲ့ အညတရကျောင်းလေးပြိုကျမှုဖြစ်ပြီးနောက်မှာမြို့နယ်ကောင်စီက ခရစ်ရှန် ဆမ်မြူရယ်နဲ့ နာဒီယာတို့သုံးယောက်ကို Las Encinas ကျောင်းတော်ကြီးမှာ အခမဲ့ပညာသင်ယူဖို့ စကော်လာရှစ် ပေးလာပါတယ် သူတို့သုံးယောက်ကျောင်းစရောက်ပြီးနောက်မှာ အညတရနဲ့ လူကုန်ထံတွေကြားပဋိပက္ခတွေဖြစ်လာတဲ့အပြင် ပဋိပက္ခတွေဖြစ်နေရင်းကြားထဲကပဲ ကျောင်းမှာကောင်မလေးတစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ် သေဆုံးမှုနောက်ကွယ်ကတရားခံကဘယ်သူလဲ ဘယ်သူကောင်မလေးကို သတ်သွားတာလဲ အညတရကျောင်းသားလေးသုံးယောက်ကပဲမကျေနပ်လို့သတ်တာလား ဒါကတော့ အပြီးထိကြည့်မှပဲ သိရမှာပါ Money Heist စီးရီးထဲက ဒန်ဗာတို့ အယ်လီဆန်ပါကာတို့ကိုမြင်တွေ့ရဦးမှာဖြစ်ပြီး တချိန်ကဓားပြကြီးဖြစ်ခဲ့တဲ့ ရီယိုကိုလဲ ခရစ်ရှန်ဆိုတဲ့ကျောင်းသားလေးအနေနဲ့တွေ့မြင်ရမှာပါ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံကလဲ ပြောစရာမရှိလောက်အောင် သေသပ်တဲ့အပြင် ဇာတ်လမ်းကစားသွားတာလေးတွေလဲ လှပါတယ် ဒါကတော့ကျွန်တော့်အမြင်ပါ Money Heist လိုပဲနောက်ခံ သီချင်းအလန်းလေးတွေတွေ့ရမယ့်အပြင် ဘယ်အချိန်ဘာဖြစ်မှန်းမသိရပဲ အင်မတန်စိတ်ဝင်စားဖို့ ကောင်းအောင်ရိုက်ထားတာတွေ့ရမှာပါ တစ်ပိုင်းပြီးတာနဲ့နောက်တစ်ပိုင်းထပ်ကြည့်ချင်ကြမယ်ဆိုတာရဲရဲကြီးအာမခံပါတယ် Rating အနေနဲ့ကလဲ IMDb မှာ 7.5 ရထားပြီး Rotten Tomatoes မှာ 97% ဆိုတော့ ကျွန်တော်ပြောခဲ့သလိုပဲ ဇာတ်အိမ်ဘယ်လောက်ထိခိုင်ခံ့မှုရှိလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ကြပါ.. Season ၁ ခုစီမှာ အပိုင်း (၈) ပိုင်းစီပါရှိပါတယ်။ ဘာသာပြန်ထားသူများကတော့... ရှိန်းထက်နိုင် ၊ ဟိန်းသက်နိုင် ၊ ဝေဇင် ၊ August ၊ အေးမွန်ကျော် ၊ ညို့မျက်ဝန်း ၊ ကြည်ကြည် ၊ Aye Mon Kyaw ၊ Thaw ၊ Htoo Htoo Ka Joe ၊ Dolly ၊ Amelia ၊ Thet Hnin Hsu ၊ Jimx တို့ပဲဖြစ်ပါတယ်။ File Size – 400MB @Episode Quality – WEB-DL 1080p & 720p Duration – 50 minute (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Crime , Thriller Translator – CM Team Encoder – August , Xcode , Nyeinsaeya Aung