
Vyavastha 2023 ***************** ZEE5 ကနေအသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.7 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင် Sampath Raj နဲ့ မင်းသမီးချော Hebah Patel တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ချာကရာဗာသီ... ထက်မြက်ပြီး ကိုင်တွယ်တဲ့အမှုတိုင်း အနိုင်ရတဲ့ ဝါရင့်ရှေ့နေကြီးတစ်ဦး၊ ပြစ်မှုတွေကို ပညာသားပါပါ ဖုံးကွယ်တတ်ပြီး ဒုစရိုက်သမားတွေအကြိုက်၊ စီးပွားရေးသမားတွေအကြိုက် ရှေ့နေလိုက်ခကုဋေချီပေးရတဲ့ ရှေ့နေတစ်ဦး၊ အမှုနိုင်ဖို့ ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့သူ... ဂျေ ဗမ်စီခရစ်ရှ်နာ... ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ လောလောလတ်လတ် ဥပဒေကျောင်းဆင်း ရှေ့နေလေးတစ်ဦး၊ အကြံကောင်းပေမယ့် တရားရုံးရောက်လို့ အရေးအကြောင်းဆို စကားထစ်တတ်တဲ့သူ... ဒီလိုနဲ့ အတွေ့အကြုံ မိုးနဲ့မြေကွာတဲ့ ဒီရှေ့နေနှစ်ဦး နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အချိန်မှာတော့ ယုန်သူငယ်လေးက ကျားဂူထဲဝင်သွားတဲ့အဖြစ်လို ရှေ့နေနှစ်ဦးရဲ့အားပြိုင်မှုကို ထင်မှတ်မထားတဲ့ Plot twist တွေနဲ့ အမှုကိုဘယ်လိုယှဉ်ဖိုက်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ File Size – 800MB / 400MB Quality – 1080p WEB DL / 720p Duration – 30mins Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama , Bollywood Translator – CM Bollywood Team Encoded by - YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။