
မာဂရေ့ဗ်ဆိုတဲ့ မြို့လေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို့ အမှုအခင်းတို့ ကင်းရှင်းတဲ့ သာယာတဲ့မြို့လေးပေါ့ဗျာ။ ဒါပေမယ့် ဂျက်ရစ်ချာဆိုတဲ့ ဘဲကြီး အဲဒီမြို့ကို စရောက်လာတာနဲ့ လူသတ်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပါလေရော။ ကွင်းဆက်လူသတ်မှုလို့ထင်ရလောက်အောင် ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေပေါ့ဗျာ။ ဒီတော့ ရဲတွေက ရစ်ချာကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်ကြတာပေါ့။ ဒါပေမယ့် ရစ်ချာဆိုတဲ့ဘဲကလည်း ခေသူမဟုတ်။ သူက အနားယူထားတဲ့ စစ်တပ်ဘက်က ရဲအရာရှိလေ။ ဒီနယ်ပယ်ရဲ့အလုပ်လုပ်ပုံတွေ နောက်ကွယ်က လှည့်ကွက်တွေကို သူများထက် ကြိုမြင်နိုင်တာပေါ့။ နောက်ဆုံး သူမှားယွင်းစွပ်စွဲခံရတာကို သက်သေပြနိုင်သွားတော့ ရဲတွေဘက်ကနေပြီး ဒီအမှုကိုလိုက်ဖို့ အကူအညီပြန်တောင်းပါလေရော။ အသတ်ခံလိုက်ရတဲ့လူတွေထဲမှာ သူ့ရဲ့တစ်ဦးတည်းသောအစ်ကို ဂျိုး လည်းပါနေတော့ လက်စားချေဖို့အတွက် ရစ်ချာက ဒီအလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီနောက်မှာ မာဂရေ့ဗ်ဆိုတာ တကယ်ပဲ အေးချမ်းတဲ့မြို့လေးဟုတ်ရဲ့လား။ မြို့ဝန်ကစပြီး စီးပွားရေးသမားတွေ နိုင်ငံရေးသမားတွေ ရဲတွေအထိ ဘယ်သူတွေက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတာလဲ။ "မူးယစ်ဆေး၊ သေနတ်၊ လူကုန်ကူးတာ... ဘယ်လိုအမှုပဲဖြစ်ဖြစ် ငွေကနေစတာပဲ'' သူ့အစ်ကိုဂျိုးကရော အပြစ်ကင်းရဲ့လား။ သဲလွန်စတွေကို ခြေရာခံပြီး ရှုပ်ထွေးလှတဲ့ ဇာတ်အိမ်မှာ ခေါင်းကိုမနားတမ်းအလုပ်ပေးရင်း ဘဲကြီးရဲ့ဖိုက်တင်ခန်းတွေကို ရင်သပ်ရှုမောကြည့်ရမှာပါ။ မနေ့ကမှစထွက်တာပေမယ့် IMDb မှာ rating 8.9 ချက်ချင်း ရသွားတဲ့အထိ နိုင်ငံတကာပရိတ်သတ်တွေဆီက တခဲနက်အားပေးမှုရထားတဲ့ရုပ်ရှင်မို့ လက်မလွှတ်တမ်း ခံစားလိုက်ပါခင်ဗျာ။ File Size – 400MB@Episode / 800MB@Episode Quality – 720p AMZN WEB DL AAC 5.1CH / 1080p AMZN WEB DL AAC 5.1CH Duration – 49minute (@Episode) Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Action & Adventure, Crime, Translator – Kaung Khant Win & HM & Shwe Pwint & Yunni & Eliza Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
February 3, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.1 / 10
Director