
ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ "မန်တီကိုး" ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး မိသားစုတွေက စပိုင်ကွန်ယက်အဖြစ်ဖွဲ့စည်းပြီး သူတို့ကိုယ်ကျိုးအတွက် ကမ္ဘာကြီးကို ချယ်လှယ်နေခဲ့တာပါ။ ဒါပေမဲ့ ၈ နှစ်အကြာမှာတော့ မန်တီကိုးတွေဟာ စစ်တဒယ်တွေရဲ့ အစအနကိုရပြီး အေးဂျင့်မေဆန်လည်း အတိတ်မေ့ရက်သားကြီးနဲ့ မန်တီကိုးတွေကို တိုက်ခိုက်ဖို့ ကြုံလာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Action & Adventure Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Episodes... 6 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 27, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director
Anthony Russo, Joe Russo