
ကဲ CM ကကွီးယားဖန်တွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားကတော့... လက်ရှိပြသနေတဲ့ ယူမီဆဲလ်ထဲကမင်းသား Ahn Bo-Hyun နဲ့ လိပ်ပြာကားထဲကမင်းသမီးချောလေး Han So-Hee တို့ရဲ့ ကြမ်းကြရမ်းကြမယ့် "My Name"ဆိုတဲ့ အက်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်... ဇာတ်လမ်းအကျဥ်း Yoon Ji-Woo(Han So-Hee) က မူးယစ်ဆေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံးသွားတဲ့အတွက် အသည်းအသန်လက်စားချေချင်နေတဲ့သူတစ်ယောက်ပါ... ဒီလိုလက်စားချေနိုင်ဖို့ Dongcheonpa ဆိုတဲ့မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Choi Moo-Jin(Park Hee-Soon)ရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ထဲကို သူလျှိုအနေနဲ့ဝင်ရောက်ပြီး ဖခင်ဖြစ်သူသေဆုံးမှုရဲ့နောက်ကွယ်က အကြောင်းရင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... Jeon Pil-Do(Ahn Bo-Hyun)ကတော့ မူးယစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Yoon Ji-Wooရဲ့ ပါတနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်... မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်၊ရဲစုံထောက်နဲ့သူလျှို ဒီသုံးယောက်ကြားမှာ ဘယ်လိုမမျှော်လင့်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပေါ်လာမလဲဆိုတာတော့.... အပိုင်း၈ပိုင်းလုံး တစ်နေ့တည်းအပြီးပြသသွားမှာဖြစ်လို့ သောကြာနေ့ညကို My Name လေးကြည့်ရင်းဖြတ်သန်းရအောင် CMကနေချက်ချင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်... အညွှန်းကိုတော့ Ei Phyu Khin မှ ရေးသားထားပေးပါတယ်...
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 15, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.3 / 10
Director