
Asur Season2 (2023) ******************************* IMDb 9.5 S1မှာတုန်းကလည်း လူသတ်သမားရှာဖွေပုံတွေကို အားရစရာကြည့်ရှုခဲ့ရပြီး ယခုမှာတော့ S2လည်း ထွက်ရှိလို့လာပါပြီ ဟင်ဒူဘာသာမှာ စတ်ယုဒ် တေသရာယုဂ် ဒွာပရ်ယုဂ်နဲ့ ကလီ့ယုဂ်ဆိုပြီး ခေတ်ကြီးလေးခု ရှိပါတယ် ကလီ့ယုဂ်ဆိုတာကတော့ ကလီဆိုတဲ့အသူရာကိုကိုယ်စားပြုပြီး မှည့်ဆိုထားတာပါ ကလီ့ယုဂ်ဆိုတဲ့ မကောင်းဆိုဝါးခေတ်မှာ ဒုစရိုက်မှုတွေ အရမ်းများလာတဲ့အခါ လောကကိုထိန်းသိမ်းသူ ဗိဿနိုးဘုရားရှင်ဟာ အရင်ယုဂ်တွေမှာလိုပဲ လူဝင်စားကာ ဒုစရိုက်မှုတွေကို အဆုံးသတ်ပါတယ် ကလီ့ယုဂ်ကို အဆုံးသတ်မယ့် ဘုရားလောင်းရဲ့အမည်ကတော့ ကလ်ကီပါ ဒီကားထဲမှာတော့ အဲ့ဒီကလီဆိုတဲ့ နာမည်နဲ့ ကွင်းဆက်လူသတ်မှုတွေကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သတ်ဖြတ်နေသူက သူ့ကိုယ်သူ ကလီလို့ဆိုပါတယ် သူဖန်တီးလိုက်တဲ့ အမှုတွေက လူငယ်ပေါင်ချိန်ဆန်ဆန် အဖြေရှာတွေ့ဖို့မလွယ်တဲ့ နည်းနာတွေနဲ့ပေါ့ ဒီလူ ဒီနေရာမှာသေဆို တုံးခနဲလဲသေတဲ့အထိ စွမ်းဆောင်နိုင်စွမ်းရှိနေတော့ ရဲတွေ အစိုးရနဲ့ CBI တို့ အကြပ်ရိုက်တဲ့ကာလ .. သတ်တာတောင် နိုင်ငံကွန်ရက်တစ်ခုလုံးကို ဟက်ခ်ပြီး Live လွှင့်ပြတဲ့အထိပါပဲ ဒုစရိုက်မှုတွေရှင်းလင်းဖို့အတွက် ဗိဿနိုးဘုရားက ကလ်ကီအနေနဲ့ လူဝင်စားပြီ းအမြန်ပေါ်ထွက်လာအောင်လို့လည်းပြောတယ် ..ဆိုတော့ ရဲတွေ CBI တွေကြား လက်တစ်လုံးခြားလုပ်သွားပုံတွေ ..ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုက သတ်ပုံသတ်နည်းထူးထူးဆန်းဆန်းတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူတွေကတော့ Thaik Sanနဲ့Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni,Thaik San,BpLနဲ့ Nyein တို့ပဲဖြစ်ပါတယ်) Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres :Crime, Drama, Mystery Duration : 59mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Thaik San~ Yunni~ BpL~ Nyein Encoded by YK