
9-1-1 Lone Star ကတော့ 9-1-1 ရဲ့ Spin off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကဆပ်ပြည်နယ်ကို ယခင်က Lone Star လို့ ခေါ်ခဲ့တာပါ။ ဒီဇာတ်လမ်းကတော့ တက္ကဆပ်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘေးအန္တရာယ်တွေကို အမှတ် ၁၂၆ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန၊ ရဲဌာန တို့ရဲ့ ကြိုးပမ်းမှုတွေကို ဇာတ်လမ်းအချိတ်အဆက်မိမိ ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီးသတ်ဌာနမှူး ကပ္ပတိန် အိုဝင် စထရန်းဟာ တက္တဆပ်ပြည်နယ်၊ အော်စတင်မြို့လေးဆီကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူနဲ့အတူ သူ့ရဲ့သား တီကေ စထရန်းလည်း ပါလာခဲ့ပါတယ်။ အော်စတင်မြို့ရဲ့ အမှတ် ၁၂၆ မီးသတ်ဌာနမှူး ဂျဒ်ဟာလည်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအနေနဲ့ စိတ်ဒဏ်ရာ ရနေခဲ့ပါတယ်။ ခေါင်းဆောင်အဟောင်း နဲ့ အသစ်တို့ကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်သလို ရယ်မောစရာ ဟာသခန်းတွေကိုလည်း သဘာဝကျကျ မြင်ရမှာ ဖြစ်လို့ 9- 1-1 ပရိသတ်များ သဘောတွေ့စေဦးမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ August က ရေးသားထားပြီး ဘာသာပြန်ထားသူတွေကတော့ August, Pyi.T.Nyein, Jerrica, Amelia, Thet Hnin Hsu, MTA တို့ပဲ ဖြစ်ပါတယ်. File Size -500MB Encoder -Thit San Khant & August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
January 3, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.0 / 10
Director