
ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို အသစ်ထွက် Crime/Drama/Mysteryအမျိုးအစား စပိန် mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ မင်းသား Arón Piper (Eliteထဲက Ander Muñoz)နဲ့ မင်းသမီး Almudena Amor (The Good Boss)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆယ်ဂီရိုဆိုတဲ့ကောင်လေးက အိုင်ကျူ ၁၅၄ ရှိပြီး ဉာဏ်ကောင်း ထက်မြက်လွန်းပေမယ့် အဖေနဲ့အမေကို ရက်ရက်စက်သတ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ မိဘတွေကို ဝရန်တာကနေ တွန်းချခဲ့တာမို့ သူ့ကို ဝရန်တာလူသတ်သမားလို့ ခေါ်ခဲ့ကြတာပေါ့။ မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့ပေမယ့် အမှုရင်ဆိုင်တဲ့အချိန်မှာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် သူ့အမှုက ထွက်ဆိုချက်မရှိတဲ့ အမှုတစ်ခုအဖြစ် ထူးဆန်းတဲ့အမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကိုသတ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၆နှစ်အကြာမှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ဆယ်ဂီရိုတစ်ယောက် အကျဉ်းသားဘဝကနေ လွတ်ငြိမ်းခွင့်ရခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလိုလွတ်လာတဲ့ ဆယ်ဂီရို့ကို စောင့်ကြည့်ပြီး သူ့ရဲ့စိတ်အခြေအနေနဲ့ နောင်မှာ ဖြစ်လာနိုင်မယ့် ခြိမ်းခြောက်မှုတွေကို တားဆီးမယ့်ပရိုဂရမ်ကို တာဝန်ယူထားရသူ စိတ်ရောဂါကုဆရာဝန်မလေး အာနာကတော့ ဆယ်ဂီရို့ရဲ့အတိတ်က လူသတ်မှုရဲ့ အဖြစ်မှန်ကိုသိချင်သူဖြစ်ပြီး၊ ဆယ်ဂီရို့ရဲ့တိတ်ဆိတ်နေမှုအကြောင်းရင်းကိုလည်း ရှာဖွေချင်သူပါ။ ပြောချင်တဲ့သူနဲ့ ပြောချင်တဲ့အချိန်မှာသာ စကားပြောတဲ့ ဆယ်ဂီရို့ရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ ကြိုးစားရင်း နောင်ဖြစ်လာမယ့် ရာဇဝတ်မှုတွေကို တားဆီးနိုင်ဖို့ စိတ်အားထက်သန်နေသူဆိုလည်း မမှားဘူးပေါ့။ ဒီလိုနဲ့ သူတို့ပရိုဂရမ်ရဲ့ အစမ်းသပ်ခံ ဆယ်ဂီရိုတစ်ယောက် မူမမှန်တဲ့ လှုပ်ရှားမှုတွေနဲ့ သံသယဖြစ်ဖွယ်အပြုအမူတွေကို ပြုလုပ်လာခဲ့တဲ့အခါ.. သူတို့တွေ စီစဉ်ထားသလို ဆယ်ဂီရို့ရဲ့အခြေအနေကို တားဆီးနိုင်မှာလား.. ဆယ်ဂီရိုကရော မိဘတွေကိုသတ်ပြီး ဘာလို့ စကားတစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်နေခဲ့တာလဲ.. အဲဒီလူသတ်မှုရဲ့ အဖြစ်မှန်ကရော ဘယ်လိုများလဲ.. နောက်ကွယ်မှာ တခြားဖုံးကွယ်မှုတွေ ရှိနေမလား.. ဆိုတာကိုတော့ ဒီစီးရီးလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်လိုက်ကြပါဦးနော်.. File size…(877 MB)/(422 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Drama, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by CM Team