
Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။ လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။ ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ ချာလီတစ်ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊ လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်းတွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ က ချာလီရောက်နေတဲ့ကျွန်းအပါအဝင် ကမ္ဘာအရပ်ရပ်မှာဖြစ်လာပြီးတော့ လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ.... ပင်လယ်နေသတ္တဝါတွေ ရုတ်တရက်အမူအကျင့်ပြောင်းလဲကုန်တာ ဘာကြောင့်လဲဆိုတဲ့အဖြေက ဘာများဖြစ်မလဲ။ ဒီအဖြေက မိုင်ပေါင်းများစွာနက်ရှိုင်းလွန်းတဲ့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှိနေမယ်ဆိုတာတော့ အမှန်ပါပဲ။ ဒီတော့ ချာလီအပါအဝင် စွန့်စွန့်စားစားသိပ္ပံပညာတစ်သိုက်က ဒီအဖြေကိုရှာဖွေဖော်ထုတ်ပြီးတော့ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကြားကတိုက်ပွဲကို အဆုံးသတ်ပေးနိုင်မလားဆိုတာ CM နဲ့အတူ ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sci-fi & Fantasy, Mystery Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ and Moh Moh Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 6, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Luke Watson, Barbara Eder, Philipp Stölzl