
ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။ အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ဘယ်လိုဖျက်ဆီးရမလဲ တွေးနေတဲ့သူ ဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီမစ္စစ်ဒေးဗစ်က သူ့ကို အမြဲလာလာဆက်သွယ်နေတယ်။ သူခိုင်းချင်တာ ရှိတဲ့အကြောင်း ပြောပေမဲ့ လစ်ဇီက အမြဲရှောင်တယ်။ နောက်တော့ အကြောင်းတိုက်ဆိုင်လာတာနဲ့ မရှောင်ဖြစ်တော့ဘဲ မစ္စစ်ဒေးဗစ်နဲ့ အပေးအယူတစ်ခုလုပ်ကြတယ်။ မစ္စစ်ဒေးဗစ်က လစ်ဇီကို ဟိုလီဂရေးကို လိုက်ရှာခိုင်းတယ်။ လစ်ဇီက သူရှာလို့တွေ့ရင် မစ္စစ်ဒေးဗစ်က ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်ရမယ်လို့ တောင်းဆိုတယ်။ သဘောတူတဲ့အတွက် လစ်ဇီဟာ ဆုံးစမြုပ်နေတဲ့ ဟိုလီဂရေးကို အပူတပြင်း လိုက်ရှာပါတော့တယ် File size…(834 MB)/(444 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:55:00 Genre...Drama, Comedy, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by El Moh
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 20, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.7 / 10
Director