
နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။ ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။ အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။ အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့ Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။ တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။ ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ Rating ကလည်း IMDb 6.1 ရထားတာမို့ Parallel Universe ထဲမှာ Mae တစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Sci-fi & Fantasy Quality…. 1080p | 720p File size… 400MB " 200MB Format… mp4 Duration…. 35min Episodes... 7 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh, Mary Christ Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 21, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.7 / 10
Director
Zoe Lister-Jones