
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မိသားစု ဒရမ်မာလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ် လီယောင်ဂုဟာ ဇနီးသည် ကွယ်လွန်သွားပြီးနောက် ကလေးသုံးယောက်နဲ့အတူ ကျန်ရစ်ခဲ့ရတဲ့ သူဌေးတစ်ဦးပဲ ဖြစ်ပါတယ် တစ်ခုလပ်အမျိုးသားတစ်ယောက်ဖြစ်နေပေမဲ့လည်း ဥစ္စာပေါရုပ်ချောတဲ့ လီယောင်ဂုဟာ အမျိုးသမီးတွေကြားမှာ ရေပန်းစားဆဲပါပဲ ဒါပေမဲ့ လီယောင်ဂုဟာ ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူအပေါ် သစ္စာစောင့်သိပြီး သားသမီးတွေအတွက်လည်း လိုလေးသေးမရှိအောင် အလုပ်ကြိုးစားပြီး ထောက်ပံ့ပေးသူတစ်ဦးပါ ဒါပေမဲ့လည်း ငွေကြေးကြေးရေးအရသာ ထောက်ပံ့ပေးနိုင်တဲ့ လီယောင်ဂုတစ်ယောက် သားသမီးတွေကို ထိန်းသိမ်းတဲ့အပေါ်မှာ လစ်ဟင်းလာတဲ့အခါ.... ကလေးတွေအတွက် အိမ်မှာအတူနေပေးပြီး စာသင်ပေးဖို့ ကျူတာတစ်ယောက်ကို ရှာဖွေခဲ့ပါတော့တယ် တစ်ဖက်မှာလည်း အမေနဲ့အစ်ကိုဖြစ်သူရဲ့လုပ်ရပ်ကြောင့် အိမ်အာမခံကြေးတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ဖခင်ဖြစ်သူဟာလည်း ပင်ပန်းဆင်းရဲတဲ့ Delivery အလုပ် လုပ်နေတာကို တွေ့လိုက်ရတဲ့ ပတ်ဒန်ဒန်... မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ရှာဖွေရင်း လီယောင်းဂုရဲ့အိမ်မှာ ကျူတာလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ... ချို့တဲ့ပေမဲ့လည်း စိတ်ကောင်းထားပြီး ပျော်ပျော်နေတတ်တဲ့ ပတ်ဒန်ဒန်တစ်ယောက် ကလေးတွေကို စာသင်ပေးရင် အမြဲခက်ထန်နေတဲ့ လီယောင်ဂုနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲ?? လီယောင်ဂုကရော ကလေးတွေ ငတ်မွတ်နေတဲ့ မေတ္တာတရားကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် မိသားစု ဒရမ်မာလေးကိုမှ အချစ် ဟာသစတဲ့ရသမျိုးစုံကို ခံစားရမှာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်လေး ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် KBS 2 ကနေ ထုတ်လွှင့်ပြသမှာဖြစ်ပြီး အပတ်စဥ် စနေ တနင်္ဂနွေတိုင်း အပိုင်းသစ် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး အပိုင်း၅၀ထိ ထွက်ရှိသွားမှာဖြစ်ပါတယ် Translated by : Amelia . Shwe Pwint . Thet Hnin Hsu . Jerrica Encoded by : YK Native Title: 신사와 아가씨 Also Known As: The Gentleman and the Lady , Gentleman and Lady , Young Lady and Gentleman , Sinsawa Agassi , Shinsawa Agassi Screenwriter: Kim Sa Kyung Director: Shin Chang Seok Genres: Comedy, Romance, Drama, Family Tags: Positive Female Lead, Tutor, Single Father, Bright Female Lead, Widower, Death Of Spouse, Healing, Death (Vote or add tags)
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။