
Ted Lasso (2020 - Ongoing) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ကြော်ငြာအပိုင်းတိုလေးကို ဇာတ်ကောင်အသစ် ဇာတ်လမ်းတွေ ထပ်ပေါင်းထည့် အကျယ်ချဲ့ပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြန်ရိုက်ခဲ့တဲ့ စီးရီးပါ။ Apple TV ရဲ့ ကြည့်ရှူသူအများဆုံး တီဗီရှိုးတစ်ခုအနေနဲ့ အတော်လေးကို ပေါက်ခဲ့ရုံတင်မကဘဲ အမ်မီဆုတွေ ရွှေကမ္ဘာလုံးဆုတွေနဲ့ တခြားဆုပေါင်းများစွာအပြင် IMDb ရဲ့ ထိပ်ဆုံးစီးရီးတစ်ရာစာရင်းထဲလည်း ဝင်ခဲ့ပါတယ်။ စီးရီးတစ်ခုလုံးက Fictional Premier League ကြီးပေါ် အခြေခံထားတာဖြစ်ပေမဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသား အငွေ့အသက်တွေ အပြည့်နဲ့ပါပဲ။ Richmond ရဲ့ အိမ်ကွင်းဖြစ်တဲ့ Nelson Road ကွင်းကြီးဟာ Crystal Palace ရဲ့ Selhurst Park ကွင်းကြီးပေါ့။ Richmond ကန်တဲ့ ပွဲတိုင်းလိုလိုမှာပါနေကျ ဘောလုံးပွဲကြေညာတဲ့ ဘဲနှစ်ဗွေကလည်း တကယ့် အပြင်က Arlo White နဲ့ Chris Powell တို့တတွေ။ နောက်စီဆင်တွေကျ သီယာရီအွန်နရီကြီးကိုယ်တိုင်ပါ ပါလာမှာဖြစ်သလို Roy Kent ကာရိုက်တာဟာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကြီး ရွိုင်ကင်းန်ကို အခြေခံထားတာမို့ အပြင်ကအတိုင်း ဒေါသထွက်လွယ် လက်ပါလွယ် အချိန်ရှိတိုင်း မာန်ဖီပြီး အားတိုင်းဆဲနေတဲ့ ဘီးကျဲပေါ့။ " သူ့နည်းပြပုံက ဘာကိုမှအတင်းအကျပ်မလုပ်ခိုင်းတဲ့ သိမ်သိမ်မွေ့မွေ့ နည်းပြပုံမျိုးပေါ့။ ဒါပေမဲ့ သူ့တည်ရှိမှုကို ခင်ဗျားတို့ ဥပေက္ခာမပြုနိုင်တော့တဲ့အထိ သူ့ယုံကြည်မှုက တဖြည်းဖြည်းချင်းကြီးထွားလာလိမ့်မယ်။ သူ့နည်းပြပုံဟာ နောက်လိုက်တွေကို ခေါင်းဆောင်တွေ ဖြစ်လာခွင့်ပြုထားတာမျိုးလည်း ဖြစ်နိုင်သလို သူ့အစာအိမ်ကို ဗြောင်းဆန်စေမှာသေချာတဲ့ ပူလောင်ပူစပ်အစားအစာတွေကို တစ်ဖက်သားအတွက်တွေးပေးပြီး စားလိုက်တာမျိုးလည်းဖြစ်နိုင်တယ်။ ဒီမြေဒီရေမှာ တက်ဒ်လာဆို ကျရှုံးမှာပါပဲလို့ ကျွန်တော်ယုံနေပေမဲ့... ရစ်ခ်ျမွန်အသင်းကလည်း တန်းဆင်းသွားရတယ် ဆိုတဲ့ ရှက်ဖွယ်အတိဖြစ်ရပ်နဲ့ ပက်ပင်းတိုးရလိမ့်မယ်လို့ ကျွန်တော်ယုံနေပေမဲ့... အဲဒီလိုဖြစ်လာတဲ့အခါမှာ ကျွန်တော်နှစ်ထောင်းအားရတော့ ဖြစ်မိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဖြေရရင်တော့ သူ့ကို အားပေးချင်တဲ့စိတ်ကို ချွန်းအုပ်ဖို့ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်လို့ပါပဲ။ " - Trent Crimm, The Independent Ted Lasso ဟာ သူ့ကိုယ်နှိုက်ကိုက ကိုယ်ကိုင်တဲ့အသင်း နိုင်နိုင်ရှုံးရှုံးကို သိပ်အာရုံစိုက်နေတာမဟုတ်ဘဲ အသင်းသားတွေကိုပဲ ပိုတိုးတက်အောင် လုပ်ပေးချင်စိတ်ရှိတဲ့ နည်းပြမျိုးဖြစ်တယ်။ Tactical နည်းပြမဟုတ်ဘဲ ဖလော်နည်းပြမျိုးလို့ ပြောရမယ်ထင်ပါတယ်။ အဲဒီအတွက် သူဟာ အသင်းထဲက ဘယ်သူ့ကိုမဆို အကြွင်းမဲ့ ယုံကြည် အားပေးတတ်တယ်။ အေးအတူ ပူအမျှ ဘာမဆို မျှဝေခံစားနိုင်အောင် အသင်းအဖွဲ့စိတ်ဓာတ်ကို သူကြုံခဲ့တဲ့ အတွေ့အကြုံ ပုံတိုပတ်စလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားနာမည်တွေ အကြောင်းအရာတွေ သုံးပြီး သိမ်သိမ်မွေ့မွေ့ ရိုက်သွင်းတယ်။ ထရိန်နင်ဆင်းတဲ့အချိန်၊ ပွဲမကန်ခင်အချိန်၊ ဒုတိယပိုင်းမစခင်အချိန်၊ ပွဲပြီးသွားတဲ့အချိန်တွေမှာ အခြေအနေနဲ့ လိုက်ဖက်ညီအောင် သူပြောတဲ့ ဒိုင်ယာလော့ အတွေးအခေါ်တွေဟာ ဒီစီးရီးရဲ့ အနှစ်သာရ တစ်ခုပဲ ဖြစ်တယ်။ ဒါပေမဲ့ Ted ကိုယ်တိုင်ကလည်း လူသားတစ်ယောက်ပါပဲ။ ဘာမှ သူများထက်ထူးပြီး နဖူး ဂျိုတက်ပေါက်နေတဲ့သူမဟုတ်လို့ သူ့မှာလည်း စိတ်ဓာတ်ကျတဲ့အချိန်တွေ တစ်ခါတလေ ကြုံရတယ်။ ဒါပေမဲ့ သူဖြစ်နေတာတွေကို အံကြိတ် ဘယ်သူ့ကိုမှ မဖွင့်ဟဘဲ လူတိုင်းရှေ့ အပြုံးနဲ့နေနေရင်း စိတ်ခံနိုင်စွမ်းကုန်သွားတဲ့အချိန်ကျ သူဟာလည်း လူထဲကလူ တစ်ယောက်ဖြစ်မှန်း ကျွန်တော်တို့တွေ နားလည်လာရတယ်။ ဒါပေမဲ့လည်း သူ လူပေါင်းဆံ့လွန်းလို့ တချို့ မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့ ပြန်အားမွေးထူထောင်ပြီး နှစ်လို အားရစရာကောင်းတဲ့ အပြုံးနဲ့အတူ လူရှေ့သူရှေ့ ပြန်ထွက်လာချိန်တွေအထိ ကျွန်တော်တို့တွေဟာ Ted နဲ့အတူ အောင်မြင်ချိန် ကျဆုံးချိန်တိုင်းကို လိုက်ပါစီးမျောရပါလိမ့်မယ်။ " ကမ္ဘာပေါ်မှာ အပျော်ဆုံးတိရစ္ဆာန်က ဘာကောင်လို့ မင်းထင်လဲ... ရွှေငါးလေ ဘာလို့လဲသိလား... ရွှေငါးတွေက ဆယ်စက္ကန့်ကျော်ရင် ဘာမှမမှတ်မိတော့ဘူး... ရွှေငါးလိုနေ ဆမ် ဟုတ်ပလား... " (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ WiRa Aung နဲ့ 666 ပဲဖြစ်ပါတယ်) Size ~ 500MB+ Total - 10 Episodes Quality – 1080p Duration ~ 35min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Drama, Sport Source : ATVP.Web-dl.1080p Translator – WiRa Aung, 666 Encoder – Y