
ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ အမှုစစ်နဲ့ သူဌေးအိမ်က ချွေးမတို့ရဲ့ မျက်လှည့်ဆန်ဆန်ဇာတ်လမ်းလေးတစ်ပုဒ် Cho Yeon Joo ဟာ အမှုစစ်တစ်ယောက်ဖြစ်ပြီး ခရီးတစ်ခုကို သွားရင်းက ကားတိုက်မှုဖြစ်ခဲ့ပါတယ် ကိုမာဝင်ရာက သတိပြန်ရလာတဲ့အခါမှာ အတိတ်မေ့ကာ ဟန်ဂျူဂရုရဲ့ ချွေးမတစ်ဦးဖြစ်တဲ့ Kang Mi Na ရဲ့နေရာကို ရောက်သွားခဲ့ပါတယ် Kang Mi Na ဟာ သူဌေးမိသားစုတစ်စုရဲ့ အငယ်ဆုံးသမီးဖြစ်ပေမယ့် ယောက္ခမအိမ်မှာတော့ လူရာမဝင်တဲ့လူတစ်ယောက်အဖြစ် နေခဲ့ရတဲ့မိန်းမသားတစ်ဦးပါ Han Seung Wook ကတော့ ငယ်ချစ်ဦးကို တမ်းတနေတဲ့လူဖြစ်ပြီး ကိုရီးယားကနေ အကြောင်းရင်းတစ်ခုကြောင့် ထွက်သွားခဲ့ရာက သူ့အဖေရဲ့သေဆုံးမှုအကြောင်း စုံစမ်းဖို့ရာအတွက် ပြန်ရောက်လာခဲ့ပါတယ် ဒီတော့ ပိုက်ဆံဆိုအရမ်းသဘောကျတတ်တဲ့ Cho Yeon Joo တစ်ယောက် Kang Mi Na အဖြစ်နဲ့နေရင်း ဘယ်လိုတွေနှစ်ပါးသွားမလဲ Kang Mi Na အစစ်ကရော ဘယ်တွေရောက်သွားမလဲ Han Seung Wook ရဲ့အချစ်ဦးကရော ဘယ်သူများလဲ ဒါ့အပြင် မိသားစုအရှုပ်အရှင်းတွေကြားထဲက စိတ်ဝင်စားစရာကောင်းတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရတော့မှာပါ ဒီဇာတ်ကားလေးကို သောကြာနဲ့စနေနေ့တိုင်းမှာ စောင့်ကြည့်အားပေးနိုင်ပါတယ် Quality : HDTV 720p Format : mp4 Total Episodes : 16 Genres : Drama , Comedy Subtitle : Myanmar Subtitle ( Hardsub ) Translated By Shoon & Lwin & Khine & Yamin Encoded By LK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။