
ကဲ..အားလုံး လည်တဆန့်ဆန့်နဲ့မျှော်နေတဲ့ကားလေးကို CM ကနေ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါပြီနော် အိမ်မှာသမီးကြီးဖြစ်ပြီး အိမ်ရဲ့ဝန်ကိုကူထမ်းပေးနေရတဲ့ သာမန်ဝန်ထမ်းဖြစ်သူ ရှင်းဟာရီ... သူ့မှာ နှစ်အတော်ကြာပေါင်းလာခဲ့ပြီး ကြိတ် Crush နေရတဲ့ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ရှိပြီး Crush ကတော့ crush တို့ရဲ့ထုံးစံအတိုင်း ဟာရီကလွဲပြီး ကောင်မလေးတိုင်းနဲ့တွဲခဲ့တဲ့သူပါ။ အဲလိုနှလုံးသားရေးမှာပါ ကံမကောင်းတဲ့ ဟာရီတစ်ယောက် နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သူ သူဌေးသမီးလေး ဂျင်ယောင်ဆောကို အခကြေးငွေယူပြီး ကူညီပေးရင်းနဲ့ အမွေဆက်ခံသူ သူဌေးဂန်ထယ်မူနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် အကြောင်းကတော့ True love ကိုသာအယုံအကြည်ရှိပြီး ကိုယ်ချစ်တဲ့သူနဲ့သာ ယူချင်တာကြောင့် အိမ်ကစီစဉ်ပေးတဲ့ကြင်ဖက်တွေ့ဆုံပွဲကိုမသွားချင်တဲ့ ဂျင်ယောင်ဆောက ဟာရီကို အယောင်ဆောင်ခိုင်းပြီး ငြင်းခဲ့ဖို့လွှတ်လိုက်တာကနေစတာပါ အဲလိုကနေ တွေ့တွေ့ချင်းပဲ ဂန်ထယ်မူက ဟာရီ့ကို လက်ထပ်ပါ့မယ်လို့ ပြောလာတဲ့အခါမှာတော့.... တိုက်ဆိုင်စွာနဲ့ပဲ ဟာရီရဲ့အလုပ်မှာ အသစ်ရောက်လာတဲ့ သူဌေးက ဂန်ထယ်မူဖြစ်နေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို CM မှာအပတ်တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့... မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေကိုမှ Office romance ကားလေးဖြစ်တာမလို့၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို စောင်ကိုက်ပြီးကြည့်ရမဲ့တစ်ကားထပ်တိုးလာကြောင်း ထာဝရ FA များကို အသိပေးရင်းတင်ဆက်လိုက်ပါတယ်ဗျ ။ Native Title: 사내 맞선 Episodes: 12 Aired: Feb 28, 2022 - Apr 5, 2022 Aired On: Monday, Tuesday Original Network: Netflix, SBS Duration: 60 min. Content Rating: 15+ - Teens 15 or older Translated by Hay Thar , Oleander, Moe Lay, Chothet_mlmt Encoded by Naing Aung Latt