
"အချစ်ဝှက်အကြားအမြင်ဆရာမလေး" Casts ထီရွတ် အဖြစ် James Jirayu ရိုစီတာ(ရို့စ်) အဖြစ် Ice Preechaya ဇာတ်လမ်းအကျဉ်း ၂၀၁၂ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာနေထိုင်သူ ထိုင်းလူမျိုးရိုစီတာတစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး သုံးလလောက် သတိလစ်နေခဲ့တယ် ရို့စ် ပြန်နိုးလာချိန်မှာတော့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုရနေခဲ့ပြီ အဲ့ဒီစွမ်းရည်က နှင်းဆီပန်းကို ထိရင် ထိထားသူရဲ့ အနာဂတ်ကို မြင်ရတာပါပဲ... ဒီလိုနဲ့ နာမည်ကြီး အကြားအမြင်ဆရာမတစ်ယောက်ဖြစ်လာပြီး လူအများရှေ့မှာ နာမည်ကြီးသရုပ်ဆောင်မင်းသား ထီရွတ်ကို မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိစေခဲ့ပြီး တိတ်တိတ်ပုန်းကလေးရမယ်လို့ ဟောပြောခဲ့တယ်... ဒီဟောပြောချက်ကြောင့် ထီရွတ်တစ်ယောက် နာမည်ပါအထိနာခဲ့ပြီး ရို့စ်နဲ့ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ခဲ့ပါတယ် ၆နှစ်ကြာပြီးနောက် အခမ်းအနားတစ်ခုမှာ ထီရွတ်အပါအဝင် နာမည်ကြီး ငါးယောက် ဖိတ်ခေါ်ခဲ့ပြီး ရိုစီတာကို ထပ်မံဟောပြောခိုင်းခဲ့ပါတယ်🌹 ရိုစီတာတစ်ယောက် ကမ်းလာပေးတဲ့ နှင်းဆီတွေထိလိုက်ချိန်မှာ သူမနဲ့ထီရွတ်တို့ အရမ်းချစ်ပြီး ဖက်နေနမ်းနေတဲ့ရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းတွေမြင်လိုက်ရပြီး အရမ်းတုန်လှုပ်ခဲ့တယ်🌹 သူမပုံစံက အရမ်းထူးဆန်းနေခဲ့လို့ ဘာမြင်ခဲ့လဲဆိုတာ နာမည်ကြီးငါးယောက်က သိချင်နေခဲ့တယ် ရိုစီတာကတော့ ဘာမှမမြင်ခဲ့ဘူးပဲ ပြောခဲ့ပေမယ့် ဘယ်သူမှမယုံခဲ့ကြပါဘူး🌹 နောက်ရက်ကစပြီး ထူးဆန်းတာတွေ စတင်ဖြစ်ပေါ်လာတော့တယ် ရို့စ် ဆက်တိုက် ရန်ပြုခံရပြီး သံသယရှိသူကတော့ ဟောပြောပေးခဲ့တဲ့ ငါးယောက်ထဲက တစ်ယောက်ပါ🌹 ထီရွတ်က သံသယအရှိဆုံးဖြစ်နေပေမယ့် ရို့စ်ကို ကယ်ပေးခဲ့ပြီး သူ့အိမ်မှာနေစေခဲ့ကာ ရို့စ်ကို သတ်ချင်တဲ့ တရားခံဘယ်သူလဲဆိုတာ အန္တရာယ်ကြားက ကူရှာဖွေပေးပါတော့တယ်🌹❤️ ဒီအန္တရာယ်ခရီးလမ်းကြား ရို့စ်အပေါ်ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ ထီတစ်ယောက် ချစ်ရသူကို ကာကွယ်နိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရှုရအောင်နော်❤️🌹 ပုံမှန်ဆို ဒီဇာတ်လမ်းတွဲရိုက်တဲ့ ဒါရိုက်တာက အချစ်ကားလေးတွေများပေမယ့် အခုကားမှာတော့ ဇာတ်ကားနာမည်အတိုင်း ဖုံးကွယ်ထားတဲ့ ပဟေဠိ အချစ်တွေနဲ့ လျှို့ဝှက်ချက်ပေါင်းများစွာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုနိုင်မှာပါ❤️🌹 ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ် ) Native Title: พยากรณ์ซ่อนรัก Also Known As: Prophecy of Love , Forecasted to Love Director: Paajaew Yuthana Lorphanpaibul Drama: Payakorn Sorn Ruk Country: Thailand Episodes: 16 Aired: Jun 15, 2020 - Aug 4, 2020 Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 50 min. Content Rating: Not Yet Rated File size__( 900 MB per EP) Quality__720p RunningTime__1hr50min per EP Format__mp4 Type__Comedy , Romance , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin and Nang Mwe Kham Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။