
မိန်းကလေးဆိုတဲ့အမျိုးက ကလေးဘဝကထဲက အလှအပကိုစိတ်ဝင်စားသလို လှပအောင်လည်းကြိုးစားနေထိုင်တတ်ကြတယ်...မှန်လေးကြည့်လိုက်လို့ သူတို့ရုပ်ရည်လေးအဆင်ပြေနေမှ ကိုယ့်ကိုကိုယ် ယုံကြည်ချက်လည်းရှိကြတာကိုး...ဒါ့ကြောင့် Selfie ဆွဲလို့ ပိုလှတဲ့ ဖုန်းတွေရောင်းကောင်းကြတာမဟုတ်လား... ဒီအထဲက ကောင်မလေးတစ်ယောက်လည်း အဲ့လိုပါပဲ...သူ့ရည်ရည်အပေါ်ယုံကြည်ချက်မရှိလို့ make-up tutorial တစ်ခုကို ကြိုးစားပန်းစားပြင်လိုက်မှ မဟာသရဲမကြီးနဲ့တူပြီး ကြိုက်တဲ့ကောင်လေးကငြင်းခံလိုက်ရလို့ ကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင်ဖြစ်သွားရတယ်...ဒီလိုသတ်သေတဲ့အချိန်ကောင်လေးတစ်ယောက် တားဆီးလိုက်လို့ အသက်မသေခဲ့တာကံကောင်းတယ်ပြောရမှာပါ...အဲဒီနောက်တော့ ကျောင်းပြောင်းရတဲ့အနေအထားြဖစ်တော့ သူမအတွက် အနည်းငယ်ခံသာသလိုြဖစ်သွားတယ်...ကျောင်းအသစ်မှာ မိတ်ကပ်ပြင်နည်းတွေအမှန်အကန်ကြိုးစားပြီး ကျောင်းတက်တဲ့ အခါမှာတော့ အရင်တုန်းက ခပ်ဆိုးဆိုးရင်ဆိုင်ရဲ့တဲ့အနေအထားတွေဟာ ရုတ်ချဉ်းပြောင်းလဲသွားပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး.. ဒီစီးရီးက ဆယ်ကျော်သက်ကျောင်းသား ကျောင်းသူဘဝကို အဓိက ကျောရိုးပြုရိုက်ကူးထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့မို့ ကြည့်ရအတော်ကောင်းပါတယ်...လှတပတလေးတွေနဲ့ မျက်စိအပန်းပြေသလို ကောင်လေးတွေရော ကောင်မလေးတွေပါ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပညာရစေတဲ့ကားလေးဆိုလည်းမမှားပါဘူး... ဘာသာပြန်သူများကတော့ Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်.... Quality – HDTV 720p Duration – 60Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genres- Comedy, Drama Translated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။