
" ကောင်းကင်မှာ နေမင်းကြီးရှိနေသရွေ့" Casts ပန့်/ ဝမ်းဖမိုင်အဖြစ် Kao Supassara အားထစ် အဖြစ် Mark Prin ဇာတ်လမ်းအကျဉ်း.. မိဘမျိူးရိုးက ကျိကျိတက်ချမ်းသာပြီး အလိုလိုက်ခံရတဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ပန့်က ဆိုးချင်တိုင်းဆိုးနေတဲ့ သမီးတစ်ယောက်ပေါ့ အလုပ်တွေနဲ့အချိန်မပေးတဲ့ မိဘတွေကြား စိတ်ဝင်စားမှုခံရဖို့ ဘာမဆိုလုပ်ရဲတဲ့ သူတစ်ယောက်... အားထစ်ကတော့ နေရောင်ခြည်ခြံပိုင်ရှင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ပန့်အဖေရဲ့သူငယ်ချင်းဖြစ်သူ ကားလည်းဖြစ်ပါတယ် တစ်ရက် အားထစ်အဖေက လိမ်လည်ခံရရင်း ခြံကိုသိမ်းခံရမလိုဖြစ်တာကြောင့် သူဌေးဖြစ်တဲ့ ပန့်အဖေက ဝင်ကူညီပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ကတော့ ပန့်နဲ့ အားထစ်ကို လက်ထပ်ပေးဖို့ပါပဲ ကျေးဇူးတရားကို သိတတ်တဲ့ အားထစ်အဖေက ဇနီးနဲ့သား လက်မခံတာကို မျက်ကွယ်ပြုရင်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ် ပန့်မိဘတွေ သေဆုံးခဲ့ပြီး ပန့်က အားထစ်တို့ အိမ်ကို ပြောင်းလာနေခဲ့တယ် တနေ့နှင်ထုတ်ခံရမယ်ဆိုတဲ့အသိနဲ့ တစ်ညမှအားထစ်ကို အမိဖမ်းဖို့ကြိုးစားရာက စိတ်တိုပြီး ထွက်သွားခဲ့တဲ့ အားထစ် ကားမတော်တဆဖြစ်ခဲ့ပါတယ် ဒီဖြစ်ရပ်ဆိုးကြောင့် အားထစ် အမုန်းကြီးမုန်းခဲ့သလို ပန့်လည်း နိုင်ငံခြားပညာတော်သင် ၆နှစ်လွှတ်ခံလိုက်ရတယ် ၆နှစ်ကြာပြီး အချိန်က ကုစားပေးနိုင်လောက်ပြီအတွေးနဲ့ ပြန်လာခဲ့တဲ့ ပန့်တစ်ယောက် အားထစ် အမုန်းတွေနဲ့ပဲ ကြုံတွေ့လာရတဲ့အခါ သူတို့ဆက်ဆံရေးဘာဆက်ဖြစ်မလဲ... အားထစ်က ဝမ်းဖမိုင်ရဲ့ နေမင်းကြီး ပြန်ဖြစ်လာနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်...။ "တိတ်တခိုးချစ်ရသူ ခင်ပွန်း" ထဲက မင်းသားချော Mark Prin နဲ့ မင်းသမီး Kao တို့ ပါဝင်သရုပ်ဆောင်ထားပြီး ตราบฟ้ามีตะวัน (ကောင်းကင်မှာ နေမင်းကြီးရှိနေသရွေ့) ဆိုတဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ် ) Native Title : ตราบฟ้ามีตะวัน Episodes : 19 Aired : Nov 19, 2020 - Dec 15, 2020 Aired On : Wednesday, Thursday Original Network : Channel 3 Duration : 1 hr. 50 min. Quality__720p Format__mp4 Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။