
တိတ်တခိုးချစ်ရသူ ခင်ပွန်း ' ဇာတ်လမ်းအကျဉ်း ' မေဟာ ငယ်ငယ်တည်းက မေ့အမေအရင်းဖြစ်သူ ဆုံးပါးသွားခဲ့လို့ အမေ့သူငယ်ချင်းဖြစ်သူ ဂျီရဲ့ မွေးစားသမီးအဖြစ်နဲ့ နေထိုင်ခဲ့ရတယ် ၊ မွေးစားအမေရဲ့ သားအရင်းဖြစ်သူ ထင်ကိုမှ သဘောကျမိခဲ့ပြီး ဘာပဲဖြစ်လာလာ အနစ်နာခံ ချစ်ပေးခဲ့သူလည်းဖြစ်ပါတယ် ၊ ထင်ကတော့ ညီမလေးတစ်ယောက်ထက်မပိုခဲ့ပဲ အမြဲစနောက်အနိုင်ကျင့်နေခဲ့တယ်... တစ်ရက်...ထင်က အာဏာရှိ ယောက်ျားတစ်ယောက်ရဲ့ မိန်းမဖြစ်သူယာဒါနဲ့ သွားပတ်သတ်မိခဲ့ပြီး ဒီပတ်သတ်မှုကို ရပ်တန့်ဖို့အတွက် မေနဲ့ လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ် ၊ ဘယ်လိုမှမဖြစ်တဲ့အဆုံး ထင်က လက်ထပ်မှုဟာ အတုယောင်သာဖြစ်ကြောင်း အားလုံးပြီးရင် ကွာရှင်းဖို့ မေနဲ့ နှစ်ဦး တိုင်ပင်ပြီး အယောင်ဆောင် လက်ထပ်ခဲ့ပါတော့တယ် ။ သူတို့ လက်ထပ်မှုကြား ယာဒါက ပြန်လည်နှောင့်ယှက်လာချိန်မှာတော့ ဘာတွေဖြစ်လာဦးမလဲ... ထင်ကတော့ သူ့အပေါ်အနစ်နာခံပေးတဲ့ မေကို တကယ်ချစ်လာမှာလား.... ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသဆန်ဆန်လေးဖြစ်ပြီး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတာလည်း ဖြစ်ပါတယ် ။ အင်းလေး ပုဂံ ရွှေတိဂုံစတဲ့ နေရာတွေမှာ ရိုက်ကူးသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှုခင်းအလှတွေကို ပေါ်လွင်စေခဲ့ပါတယ်❤ April လ ၂၁ရက်နေ့က စတင်ထုတ်လွှင့်ပြီး အပတ်စဉ် တနင်္လာနဲ့အဂါၤ နေ့တိုင်း ပြသမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ် ။ Casts ------ မေ အဖြစ် Mew Nitta ထင် အဖြစ် Mark Prin ယာဒါအဖြစ် Koy Rachwin ( အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyi Nue Zin & Nang Mwe Kham ဖြစ်ပါတယ် )