
IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။ ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ကြုံဖူးမှာပေါ့။ ဒီဇာတ်လမ်းတွဲဟာ ဒီလိုအဖြစ်ကိုပဲ နည်းနည်းအကျယ်ချဲ့ရိုက်ထားတဲ့ မာစတာဘင်းန်ကြီးရဲ့ ဟာသဇာတ်လမ်းတွဲပေါ့။ ရို၀န်ကြီးရဲ့ Tom ဆန်ဆန်ပုံစံနဲ့ ငယ်ငယ်က နာမည်ကြီးခဲ့တဲ့ Bee Movie ထဲက ပျားအထာနဲ့ပျားရဲ့ Jerry ဆန်ဆန်ပုံစံကို တွေ့ရမှာပါ။ ဘာမှမလုပ်ဘဲထိုင်နေရင်တောင် ရယ်နေရတဲ့ ရို၀န်ကြီးရဲ့ အားလုံးကို ခွက်ထိုးခွက်လန်ဖြစ်စေမယ့် Comeback ပေါ့။ ဟာသဆိုတော့ ဟာသအနေနဲ့ပဲ ကြည့်ပေါ့ဗျာ။ ရို၀င်ကြီးရဲ့ အူကြောင်ကြောင်ဟန် သရုပ်ဆောင်ထားတာတွေကိုကြည့်ပြီး ဒီဘဲနှယ် တုံးလိုက်လေခြင်းလို့တော့ မရေရွတ်နဲ့ဦး။ ရှာကြည့်ရသလောက် ရို၀င်ကြီးဟာ သရုပ်ဆောင်တွေထဲ ဒုတိယ IQ အမြင့်ဆုံးလူပါ။ သူ့အထက်မှာ ၁၈၀နဲ့ James Wood ပဲရှိပါတယ်။ တုံးလိုက်လေခြင်းလို့ ရေရွတ်ရင် အမှားကြီးမှားပါလိမ့်မယ်။ (ဒီစီးရီးကို ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်။) Size ~ 250MB+ Quality – 1080p Duration ~ 15min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy Source : NF.Web-dl.1080p Translator – Mr. Anderson Encoder – Y