
Korea Drama List မှာ Rating 10/10 ထိရရှိထားပါတယ်။ ဒီတစ်ခါ ဇာတ်လမ်းတွဲလေးကတော့ March 12 ရက်နေ့ကမှ Netflix မှာစတင်ပြသခဲ့တဲ့ Series အသစ်လေးဖြစ်ပါတယ်။ အပိုင်း(၁၂)ပိုင်းရှိပြီး အပတ်စဥ် ကြဿပတေးနေ့တိုင်းထွက်လာမှာဖြစ်ပြီး သောကြာညတိုင်း cm ကနေတင်ပေးသွားပါမယ်။ ဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။ တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။ တစ်ယောက်က ပျော်တတ်တယ်။ တစ်ယောက်က အူကြောင်ကြောင်။ တစ်ယောက်က စာအုပ်ကြီးသမား။ တစ်ယောက်ကတော့ ခံစားလွယ်တယ်။ တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။ အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုကို သဘောကျစရာပါ။ ဆရာဝန်တွေ ပြောနေကျစကားတွေကို သိလား????? "မသေချာပါဘူးခင်ဗျာ" တို့ . "မသိသေးပါဘူး" တို့ ဆိုတာလေ . ဒါမှမဟုတ် "စောင့်ကြည့်ရဦးမယ်" ဆိုတာမျိုးလေ။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ တာဝန်ယူရတာကြောင့်ပါပဲ လူနာအကြောင်းကို ယုံကြည်မှုရှိရှိနဲ့ ပြောရဲတာ တစ်ခုပဲ ရှိပါတယ်။ "ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပါ့မယ်" ဆိုတာပါပဲ။ ဒီဇာတ်လမ်းကတော့ ဆရာဝန်ဇာတ်လမ်း သီးသန့်တင် မဟုတ်ဘဲ ကိုရီးယားထုံးစံအတိုင်း ဒရာမာအချိုးအကွေ့လေးတွေ ပါပါမယ်။ ဟာသလေးတွေလည်း ပါပါမယ်။ ရသစုံတဲ့ ဇာတ်လမ်းတွဲ တစ်တွဲမို့ ကြည့်မိရင် သဘောကျမိမယ့် ဇာတ်ကားမျိုးပါ။ ဒီဇာတ်ကားကို August မှ ခံစားတင်ဆက် ဘာသာပြန်ပေးမှာဖြစ်လို့ အားပေးကြပါဦး။ Quality – 720p WEB-DL Duration – 1hr 20 mins (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Comedy Source : 1080p.WEB.DL Translator – August Encoder – San Win Maung
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။