
အနုပညာလှုပ်ရှားမှုတွေ ခပ်ကျဲကျဲ ပဲ လုပ်တော့တဲ့ မင်းသားကြီး Rainနဲ့ မအိုဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီ Cha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားကပေးလိုက်တဲ့ ဆရာဝန်လို့ ဆိုရအောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်မောက်ရာမှာ သူမတူသလို တစ်ကိုယ်ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ငါစွဲသမား အတ္တကြီးတဲ့သူပါ၊ Go Seong Tak (Kim Bum) ကတော့ မြောင်ရှင်းဆေးရုံဥက္ကဌရဲ့သား၊ တည်ထောင်သူရဲ့ မြေးဖြစ်ပြီး မိသားစုနောက်ခံနဲ့ ဒီဆေးရုံကို ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်ပါ၊ အကပ်နဲ့ နေရာရလာသူတို့ထုံးစံအတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ဆရာဝန်အလုပ်ကို မလေးစားတတ်တဲ့ သူမျိုးပါ Jang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစားဟောင်း အာရုံကြောခွဲစိတ်ကု ဆရာဝန်မလေးပဲ ဖြစ်ပါတယ်။ Apinkအဖွဲ့ဝင် Son Na-eun ကတော့ သရဲကြောက်တဲ့နေရာမှာ ပြိုင်ဘက်မရှိတဲ့ အလုပ်သင်ဆရာဝန်မလေး Oh Soo Jeongအဖြစ် ပါဝင်ထားပါတယ် တစ်နေ့မှာတော့ ဆေးပညာအရာမှာ ဘာဆိုဘာမှမတူတဲ့ ဆရာဝန် ၂ယောက်အပေါ်ကိုမှ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်ပေါ်လာပြီး Cha Young Minရဲ့ စိတ်ဝိညာဉ်က Go Seung Takရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပါတယ်၊ ဆေးပညာ ကျွမ်းကျင်မှုအပိုင်း စိတ်နေစိတ်ထားပိုင်းမှာ မိုးနဲ့မြေလို ကွာခြားတဲ့သူ၂ယောက် တစ်ကိုယ့်နှစ်စိတ် ဖြစ်သွားတဲ့နောက် ဆေးကုသရင်း ဘယ်လိုပေါက်ကရအလွဲတွေ ဖြစ်ကြမလဲ၊ ဘယ်လိုအခွီတွေဖြစ်ကြမလဲ၊ Comaဖြစ်နေတဲ့ ရည်းစားဟောင်းကို ကုရမယ့် Jang Se Jinကရော ပြန်ကောင်းလာအောင် ကုသပေးနိုင်ပါ့မလား ဆိုတာကို အခွီဓါတ်လေးနဲ့ ဆေးပညာဗဟုသုတတွေ ရောစပ်ပြီး ထိပ်သီးcastတွေက အကောင်းဆုံးသရုပ်ဆောင်ထားတဲ့ ဇာတ်မြူး ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် tvNမှ ထုတ်လွှင့်တာဖြစ်ပြီး အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တိုင်း CM Asia Series မှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ JimX, Amelia, Yamin, Milkeux တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Comedy, Drama Quality….WEB-DL 1080p and 720p File size…1.2GB and 600MB Format…mp4 Duration….1h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Amelia, Yamin, Milkeux Encoder ..... August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။